"H..hyung..."
"အင်း"
"ကျွန်တော် Hyung ကိုလက်ထပ်မယ်"
ကျွန်တော်ဆုံးဖြတ်ပြီးပြီ သူဘယ်တော့မှကျွန်တော့်ဘက်လှည့်ကြည့်မလာလဲရတယ်...တစ်သက်လုံးပေးဆပ်လာခဲ့တာတွေအတွက် တစ်ခါလောက်ဖြစ်ဖြစ်...စာချုပ်အရပဲဖြစ်ဖြစ် ပိုင်ဆိုင်ချင်မိပါတယ်...
ကျွန်တော်ဟာသူ့အတွက် Sex ဆိုတာအပြင်အသုံးမဝင်ဘူးဆိုလည်းရတယ် ကျွန်တော့်ခန္ဓာကိုယ်ကိုသူ့အတွက်ပေးဆပ်မယ်
သူကျွန်တော့်ကိုပြန်မချစ်လာနိုင်ဘူးဆိုလည်းရတယ် ကျွန်တော့်အချစ်တွေနဲ့ပဲတစ်သက်လုံး ကျေနပ်နေပေးမယ်...
ကျွန်တော်ဟာ သူ့အတွက်ကကြိုးရုပ်...
သူ့လက်ထဲကကြိုးတွေနဲ့ချည်နှောင်ခံထားရတဲ့ သူကြိုးဆွဲရာကပြရမဲ့အရုပ်တစ်ရုပ် လို့သတ်မှတ်ထားတယ်ဆိုရင်လည်း ရပါတယ်ကျွန်တော်သူ့စိတ်အလိုအတိုင်းနေပေးမယ် သူလိုချင်တာပေးပြီး သူ့စိတ်ကြိုက်အသုံးတော်ခံမယ် သူမလိုအပ်တဲ့အခါဝေးဝေးမှာနေပေးပြီး သူမောင်းထုတ်တဲ့အခါမှာတော့ သူနဲ့ဝေးရာထွက်သွားပေးမှာပါ...
ဒါပေမဲ့...သူတစ်ယောက်တည်းပဲနော်...အဲ့လိုမျိုး..ကျွန်တော့်ကိုချည်နှောင်ထားတဲ့ ကြိုးတွေကိုသူတစ်ယောက်တည်းပဲဆွဲနိုင်တယ်
သူတစ်ယောက်တည်းအတွက်ပဲအသုံးတော်ခံမယ် သူမဟုတ်တဲ့အခြားတစ်ယောက်ကိုတော့ ကျွန်တော်...ဘယ်တော့မှဂရုစိုက်မှာမဟုတ်ဘူး
"မင်းဆုံးဖြတ်တာကောင်းတယ်
ဒါပေမဲ့...မင်းနစ်နာမနေဘူးလား?"
"ရ..ရပါတယ်"
"ပြီးရောလေ"
ခပ်တည်တည်သာ ရေချိုးခန်းထဲဝင်သွားသော Hyung ကျောပြင်ကိုကြည့်ရင်း chan ခပ်တိုးတိုးရေရွတ်မိသည်...
"Hyung အတွက်ဆို ကျွန်တော့်မှာနစ်နာတယ်ဆိုတာမရှိပါဘူး"
Hyung သာစိတ်ချမ်းသာမယ်ဆိုရင် ကျွန်တော့်အတွက် ပျော်ရွှင်ခြင်းအတိဖြစ်ပြီးသားမို့..
Hyung...ပျော်သလိုသာနေပါ ကျွန်တော်ကကကြိုးရုပ်သက်သက်ပဲ...
***************************
YOU ARE READING
ကကြိုးရုပ်
Fanfictionသူ့အတွက်ဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် သူ့အတှကျဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် (warning:Chanyeol uke only!!) Baekyeol R-M Boy × Boy Sorry for bad writings 90°bow #Yoohyunee
ကကြိုးရုပ် -11
Start from the beginning