*Lunch time*

'ဟေ့ရောင်ဝတုတ် မင်းမုန့်တွေကများလှချည်လားငါတို့ကိုနည်းနည်းပေးစမ်း'

'ဟင်'
မော့ကြည့်မိတော့သူ့သူငယ်ချင်းတစ်ယောက်
သူကတော့ခပ်လှမ်းလှမ်းမှာစကားပြောနေလေသည်

'ယူလေ ရော့'
မုန့်ထုပ်တစ်ထုပ်ကိုကမ်းပေးလိုက်တော့မယူဘဲနဲ့သူ့ကိုရစ်နေလေသည်

'ဟေ့ရောင်လင်းပိုင်သူ့ဘာသာစားနေတာကိုမင်းကလည်း'
ပြောရင်းဆိုရင်းဘေးနားရောက်လာတဲ့သူ့ကြောင့်ရင်ဘတ်ထဲကအကောင်လေးကခုန်နှုန်းမြန်လာလေသည်

'မင်းခန့်ညားရာငါကဝတုတ်ကိုအစားနည်းပြီးပိန်သွားစေချင်လို့ပါ နော်ဖက်တီး'
သူ့ကိုလှောင်နေမှန်းသိပေမဲ့သူကတော့သူ့ရင်ခုန်သံလေးရဲ့မျက်နှာကိုသာငေးကြည့်နေမိသည်

'မင်းကလည်းတော်စမ်းပါ ဟိုမှာဗိုက်မဝလို့အော်ငိုနေမှဖြင့် ဟား'

သူရယ်နေတယ်နှစ်နှစ်ခြိုက်ခြိုက်ကို
သူရယ်နေရင်အရမ်းငြိမ်းချမ်းတာပဲ
ကျွန်တော့်ကမ္ဘာတစ်ခုလုံးသာယာသွားသလိုမျိုး

ဒီနေ့ကFebruary 14
စာမေးပွဲလည်းနီးနေပြီကျောင်းကလည်းတက်ဖို့သိပ်မလိုတော့ပေ
သူ့လက်ထဲမှာတော့သေချာထုပ်ပိုးထားတဲ့ချောကလက်ဘူးအနီရောင်လေးရယ်စာအိတ်လေးတစ်ခုရယ်ကျောင်းခန်းထဲမှာတော့ဘယ်သူမှမရှိသေး သူစောစောလာခဲ့ခြင်းပေ
ဒါမှချောကလက်ဘူးလေးကိုသူမသိအောင်ခုံအောက်ထဲထည့်ထားလို့ရမှာမလား

ချောကလက်ဘူးလေးရယ် သူ့ခံစားချက်တွေကိုရေးထားတဲ့စာအိတ်လေးရယ်ကိုခုံအောက်မှာထည့်လိုက်ပြီးသူပြုံးလိုက်မိသည်
ပါးမို့မို့တွေတောင်ပိုမို့တက်သွားတဲ့အထိသူပြုံးလိုက်မိသည်

သို့သော်ထိုအပြုံးလေးဟာကြာရှည်မခံလိုက်ပါ
သူ့နောက်မှာအံ့သြနေတဲ့မျက်နှာနဲ့ရပ်နေတဲ့လူတစ်ယောက်ကြောင့်

'မင်းငါ့ခုံနားမှာဘာလုပ်နေတာလဲ!'

'ဟင် ဟို...ငါ'

ပြန်ဖြေတာကိုမစောင့်ဘဲသူ့ကိုတွန်းဖယ်ကာခုံအောက်ထဲကိုလက်နှိုက်ပြီးရှာနေလေသည်

Mistakes!Where stories live. Discover now