အပိုင်း(၂၅)

26K 1.1K 41
                                    

Unicode below

*Flash back to 4 years ago*

ဒီဇင်ဘာလဖြစ်သည့်အတွက် ကောင်းကင်မှ နှင်းများက တဖြိုင်းဖြိုင်းကျနေလေသည်။ ခရစ်စမက်ကာလပိုင်း ဖြစ်သည့်အတွက်လည်း မီးရောင်စုံလေးတွေနဲ့ လမ်းတွေကို အလှဆင်ထားကြလေသည်။ ညအချိန်သို့ ရောက်နေသည် ဖြစ်သည့်အတွက် လမ်းမီးများလည်း ထိန်ထိန်ညီးနေလေသည်။ ထိုစဉ် လမ်းသွယ်လေးတစ်ခု၏ ဓာတ်တိုင်တစ်ခုအောက်တွင် ကောင်လေးနှစ်ယောက် ရပ်နေကြလေသည်။

ဆံပင်အညိုရောင်နဲ့ ကောင်လေးက လည်ပက်ပ၀ါအနီရောင်လေးကို ပက်ထားပြီး ချမ်းလွန်းလို့ လက်နှစ်ဖက်ကို တစ်လှည့်စီ အာငွေ့ပေးနေသည်။ ထိုကောင်လေးက ဘေးနားမှာ ရပ်နေတဲ့ ဆံပင်လိမ္မော်နီရောင်ရှိတဲ့ ကောင်လေးကို စိတ်မရှည်စွာနှင့် ပြောလိုက်သည်။

"ကာရို...မင်းပြောစရာရှိတာ မြန်မြန်ပြောကွာ ဒီမှာအေးခဲပြီး သေတော့မယ် ခဏနေအဆောင်လည်း ပိတ်တော့မယ်" ကာရိုက နှုတ်ခမ်းလေးတွေ ကွေးတက်သွားအောင်ပြုံးလိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို ထိုကောင်လေးရဲ့ ပါးနှစ်ဖက်နားမှာ ကပ်ထားရင်း ပြောလိုက်သည်။

"ခွန်း....ငါမင်းကို ချစ်တယ်" ခွန်းရဲ့ မျက်နှာလေးလည်း ကာရို့ရဲ့ လက်နှစ်ဖက်ကြားမှ ရဲတက်လာလေသည်။

"မင်းကို ငါသူငယ်ချင်းတစ်ယောက်လို ချစ်တာမဟုတ်ဘူး။ ဒီထပ်ပိုတယ်...မင်း ငါ့အချစ်ကို လက်ခံပေးပါလားဟင်?"

"ဒါမယ့်ငါတို့က..."

"အခုချက်ချင်းကြီး လက်ခံခိုင်းနေတာ မဟုတ်ပါဘူး...အခုမှ ငါ့အချစ်တွေကို မင်းဆီမှာ ၀န်ခံတာပါ မင်း တဖြည်းဖြည်း လက်ခံလာအောင် ငါကြိုးစားပါ့မယ်"

"ငါတို့က ယောက်ျားလေးတွေလေ..." ခွန်းက မျက်မှောင်ကြုတ်ပြီး ပြောလေသည်။

"အချစ်မှာ ဒါတွေမလိုပါဘူး....ငါမင်းကို ချစ်တယ် မင်းလည်း ငါ့ကိုပြန်ချစ်ရင် ပြီးပြီ"

"မဟုတ်သေး...." ခွန်း စကားမဆုံးခင်မှာ ကာရိုက သူ့လက်နှစ်ဖက်ကို အနားသို့ဆွဲလိုက်ကာ ခွန်းရဲ့ နှုတ်ခမ်းလေးတွေကို တစ်ချက်ဖွဖွလေး နမ်းလိုက်သည်။

တပ်​မက်ြ​ခင်းနဲ့အချစ်​ (တပ်​မက်​ြ​ခင်​းနဲ့အချစ်) || CompletedTempat cerita menjadi hidup. Temukan sekarang