အပိုင်း(၁၄)

37K 1.3K 7
                                    

Unicode below

"ဘာတွေဖြစ်နေကြတာလဲ...." ဇက်တစ်ယောက် အိပ်နေရာကနေ ထအော်လိုက်တော့ အော်စတင်လည်း ဗိုင်အိုလင်ပြောတာတွေကို ကြားသွားပြီလားဆိုပြီး စိုးရိမ်နေလေသည်။

ဇက်ထလာတော့ ဗိုင်အိုလင်လည်း ဇက်ဘေးနားကို ချက်ချင်းသွားထိုင်လေသည်။ အော်စတင်ကတော့ ဇက်သိသွားမှာကို မရင်ဆိုင်နိုင်တော့ ထိုနေရာကနေပြေးထွက်လာလေသည်။

"ဇက်...နင်ဘာလို့ ငါဖုန်းခေါ်တာ မကိုင်တာလဲ။ ငါ့ကို ပြစ်ထားတာလဲကြာလှပြီ။" ဗိုင်အိုလင်တစ်ယောက် ဇက်လက်မောင်းကို ခေါင်းဦးပြီး ချွဲပစ်နေတဲ့အသံနှင့် ပြောနေလေသည်။

"မင်းနဲ့ငါနဲ့ ဇာတ်လမ်းက အရင်တုန်းကတည်းက ပြီးသွားပြီလေ။ မင်းနဲ့ငါ ပက်သက်စရာလိုသေးလိုလား" ဇက်ပြတ်ပြတ်သားသားပဲ ပြောလိုက်သည်။

"ဇက်ကလည်း စိတ်ဆိုးနေသေးတာလား။ ငါနင့်ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ပါတယ်။" ဗိုင်အိုလင် ရူးချင်ယောင်ဆောင်ပြီး ဇက်လက်ကို ယူကာ သူ့ရင်သားတွေပေါ် တင်ထားလေသည်။ ဇက်ကတော့ မျက်မှောင်ကြုံ့ပြီး သဘောမတွေ့တဲ့ပုံနှင့် ကြည့်နေလေသည်။

"အော်ပြီးတော့ အော်စတင်ကို ပြောထားဦး။ သူကနင့်သူငယ်ချင်းဆိုပေမယ့် ငါ့ကို ဆက်ဆံတာရိုင်းလွန်းတယ်။ ခုဏကလည်း နင်နဲ့တွေ့ချင်တာကို ဇွတ်တားနေတာ ငါ့ကို" ဗိုင်အိုလင် မာယာများတဲ့ မိန်းမပီပီ စကားလမ်းကြောင်းက လွဲလိုက်သေးသည်။ အော်စတင့်ကို လာထိတော့ ဇက်လည်း မနေနိုင်တော့ဘဲ ဒေါသထွက်သွားလေသည်။

"ဒါက မင်းနဲ့ငါနဲ့ ကိစ္စလေ ဘာလို့ အော်စတင်ကို ဆွဲထည့်နေတာလဲ။ ဟုတ်တယ်သူပြောသလိုပဲ ငါမင်းကို မတွေ့ချင်ဘူး။ ငါစိတ်ချမ်းသာအောင် ထားပေးတာ သူမှားလား။ ပြီးတော့ ငါစိတ်ကျေနပ်ဖို့ဆိုရင် မင်းကိုမလိုအပ်ဘူး။ မင်းထပ်သာယာမှုကို ပေးနိုင်တဲ့သူတွေ အများကြီးပဲ။ အခုမင်းထွက်သွားရင် ကောင်းလိမ့်မယ်" ဇက် ခပ်မာန်မာန်နှင့် ပြောလိုက်သည်။

"ဇက် စိတ်ဆိုးမပြေသေးဘူးထင်တယ်။ ဗိုင်အိုလင်ပြန်လိုက်မယ်။ နောက်မှ အေးဆေးတွေ့မယ်နော်။" ဗိုင်အိုလင် လုံးဝအလျှော့မပေးဘဲ ဇက်ရဲ့ ပါးလေးကို ရွှတ်ကနဲ နမ်းကာ ထွက်သွားလေသည်။ ဇက်ကတော့ သက်ပြင်းချရင်းကျန်ခဲ့လေသည်။ ပြီးတော့ သူဗိုင်အိုလင့်ကို တခြားသူတွေထပ် အလေးပေးဆက်ဆံခဲ့မိတာတွေကို နောင်တရနေလေသည်။ ဒီလိုခေါင်းမာပြီး မာယာများတဲ့ မိန်းမမှန်း သိလျှင် ဇက် အစကတည်းက ပက်သက်ခဲ့မည် မဟုတ်ချေ။

တပ်​မက်ြ​ခင်းနဲ့အချစ်​ (တပ်​မက်​ြ​ခင်​းနဲ့အချစ်) || CompletedWo Geschichten leben. Entdecke jetzt