အပိုင်း(၆)

47.8K 1.6K 9
                                    

Unicode below

"မင်း ငါ့ကိုဖြားယောင်းနေတာလား ငါ့ရှေ့မှာလာပြီး မင်းကိုကြွေအောင် လုပ်ပြနေတာလား"

"မဟုတ်သူဌေး" ဂျေး ခွန်း စကားမပြောနိုင်အောင် သူရဲ့ လက်တွေကို ညစ်ထားလေသည်။

"မင်းရဲ့ လှည့်ကွက်ထဲမှာရောငါက ဘာလို့နစ်မျောနေရတာလဲ ဒီလောက် မိန်းမပွေတဲ့ငါက ဘာမဟုတ်တဲ့ မင်းအလှကို စွဲလမ်းတက်မက်မိနေတာလဲ" ဂျေး တစ်ယောက် စကားပြောရင်း သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေကို နီးသထပ်နီးအောင် ကပ်ထားလေသည်။ ပြီးတော့ ဂျေး ခေါင်းအနည်းငယ်စောင်းကာ ခွန်းရဲ့ ပါးနှစ်ဖက်ကိုညစ်ထားတဲ့ လက်ကိုလွှတ်ကာ ခွန်းရဲ့ ခေါင်းကိုကိုင်ပြီး အနမ်းတွေစတင်လိုက်သည်။ ခွန်း ကတော့ ကျောက်ရုပ်အလား ရပ်မြဲရပ်နေသည်။ ဂျေး တစ်ယောက် ခွန်း ရဲ့နှုတ်ခမ်းတွေကို အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်ယူကာ အနမ်းတွေကို စိတ်ကြိုက်ခြယ်လှယ်နေသည်။ နောက်ပိုင်း ဂျေး ရဲ့ လျှာလေးက ခွန်းရဲ့ အာခံတွင်းအနှံ့ကို နယ်ချဲ့လိုက်လေသည်။

ခွန်းတစ်ယောက် သူကိုယ်တိုင်တောင်မသိလိုက်ဘဲ မျက်လုံးမှိတ်ကာ ဂျေး ရဲ့ အနမ်းတွေထဲကို နစ်မျောမိသွားသည်။ ဂျေး ခွန်း ရဲ့ ခါးကိုကိုင်ပြီး တစ်ဖြေးဖြေး လမ်းလျှောက်ရင်း တွန်းကာ အနီးနားမှာရှိတဲ့ သစ်ပင်နားကိုကပ်လိုက်သည်။ အကျီင်္ချွတ်လျက်ဖြစ်နေတဲ့ ခွန်း ရဲ့ ကျောပြင်လေးနဲ့ သစ်ပင်ကို ကပ်ထားလေသည်။ သူတို့ရဲ့ အနမ်းတွေကတော့ မပြတ်သေး။ ဂျေး ရုတ်တရက် အနမ်းတွေကို ရပ်တန့်လိုက်ပြီး ခွန်း ရဲ့ လည်တိုင်လေးကို အမှတ်အသားတွေပြုလုပ်နေသည်။ ခွန်း တစ်ယောက်ကတော့ အံကြိတ်ရင်း ငြိမ်ခံနေမိသည်။ ဂျေး တစ်ဖြည်းဖြည်း ခွန်းရဲ့ ကျယ်ပြန့်တဲ့ ရင်ဘက်ပေါ်ကို နမ်းမယ်လုပ်တော့ သူ့မျက်လုံးထဲမှာ ခွန်း ရဲ့ အမာရွတ်လေးတွေကို မြင်မိသွားသည်။ ဂျေး သက်ပြင်းတစ်ချက်ချလိုက်သည်။ အပေါ်ကို ပြန်မော့ပြီး ခွန်း မျက်နှာကိုသေချာကြည့်ကာ....

"ငါလွန်သွားပြန်ပြီထင်တယ် sorry ကွာ...အကျီင်္ပြန်ဝတ်လိုက် အအေးပက်နေမယ်" ဂျေး တစ်ယောက် ရိုးရိုးလေးပြုံးပြီးသာ လှည့်ထွက်သွားလေသည်။ ခွန်းကတော့ သူ့ကိုသနားပြီး ဆက်မလုပ်တော့တဲ့ ဂျေး ကိုကြည့်ပြီး အံ့သြနေလေသည်။ သူ့ဘ၀တစ်လျှောက်လုံးမှာ ဆက်ဆံခံရတဲ့အခါ ဘယ်သူမှစိတ်ကိုထိန်းပြီး ရပ်တန့်သွားတဲ့ သူကိုမတွေ့ဖူး။ လိုချင်လျှင် ဘယ်လိုမှတားလို့မရ အဆုံးထိသွားတဲ့ သူတွေချည်းပဲ။ ဂျေး ကတော့ သူ့ကိုသနားစိတ်နဲ့ ရပ်တန့်သွားဖူးတဲ့ ပထမဦးဆုံးလူသား။ ဒါတွေကြောင့် ခွန်း တစ်ယောက် ဂျေးအပေါ် သံယောဇဉ်တွေပိုပိုတိုးလာနေမိသည်။

တပ်​မက်ြ​ခင်းနဲ့အချစ်​ (တပ်​မက်​ြ​ခင်​းနဲ့အချစ်) || CompletedWhere stories live. Discover now