အပိုင်း(၁၂)

38.7K 1.4K 15
                                    

Unicode below

ညရောက်တော့ ဂျေး လည်း ပြောထားတဲ့အတိုင်း ခွန်းနဲ့ club ကို သွားဖို့ပြင်ကြလေသည်။

ဂျေး ကတော့ ပြင်ဆင်ပြီး အိမ်အပြင်ကနေ စောင့်နေလေသည်။ ဂျေး တစ်ယောက် အကျီင်္အမည်းလက်ရှည်လေး တစ်ထပ်တည်းတည်း ပွပွယောင်းယောင်းနဲ့ ဘောင်းဘီအမည်း အရှည်လေးနဲ့ပဲ ပေါ့ပေါ့ပါးပါးဝတ်ထားလေသည်။ ဒါပေမယ့် ခွန်းကတော့ အကျီင်္အကောင်းဆိုတာ သိပ်မရှိတော့ သူ့ဆီမှာအကောင်းဆုံးဆိုတာကို ထုတ်ဝတ်လာလေသည်။ အကျီင်္အကွက် T-Shirt လေးနဲ့ ဘောင်းဘီအပွ အရှည်ဝတ်ထားတော့ နည်းနည်းကြောင်တောင်တောင်နိုင်နေလေသည်။

ဂျေး မြင်တော့ တစ်ချက်ပြုံးပြီး "ရုံး သွားတတ်မှာ မဟုတ်ဘူးနော်ခွန်း" ခွန်း လည်း မျက်နှာတစ်ချက်မဲ့သွားပြီး "ခွန်းမှာ ဒါအကောင်းဆုံးပဲ မကြိုက်ရင် ပြန်လဲလိုက်မယ်" စိတ်မကောင်းဖြစ်သွားလေသည်။

"စတာပါကွာ လာတက်..." ဂျေး သူ့ရှေ့မှာရပ်ထားတဲ့ ကားတံခါးကို ခွန်း တက်ဖို့ ဖွင့်ပေးလိုက်သည်။ အခုမှ သေချာကြည့်မိရာ ဂျေး ရဲ့ ကားက အရင်ရုံးတက်ရင် မောင်းနေကြ ကားမဟုတ်တော့ဘဲ မိန်းကလေးတွေမြင်ရင် ဘေးကနေထိုင်စီး ချင်စိတ်တွေဖြစ်လာနိုင်တဲ့ ပြိုင်ကားတစ်စီး။ ကားအရာင်က ခရမ်းရောင်လေး ဖြစ်နေတော့ ထင်းနေပြီး ပေါ်ပေါ်ထင်ထင်ဖြစ်နေရာ ဂျေး ပုံစံနဲ့ အရမ်းလိုက်လေသည်။

လုပ်ငန်းရှင်တစ်ယောက်လို မြင်နေကြဖြစ်တဲ့ ဂျေး က ဒီလိုဝတ်စားပြီး ထွက်လာတော့ အသက်ငယ်သူဌေးသား ငယ်ငယ်လေး တစ်ယောက်ပုံလုံးဝ ပြောင်းသွားသည်။ ဒီလိုမြင်နေရတဲ့ ဂျေး ရဲ့ ပုံရိပ်ကို ခွန်း သတ်မှတ်လိုက်တာက Woo...တကယ့်ကို Play Boy ဒီဇိုင်ပဲ။ သူ့ကောင်မလေးနဲ့ သွားတွေ့မှာဆိုတော့ ဒီလောက်တော့ပြင်ရမှာပေါ့ ခွန်း တစ်ယောက် တစ်ပြိုင်တည်း ၀မ်းနည်းဝမ်းသာဖြစ်နေရသည်။

ခွန်းတစ်ယောက် အတွေးလွန်နေရာ ကားရပ်တော့မှပဲ သတိပြန်ဝင်လာသည်။ သူဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ပုံစံက club နဲ့လုံးဝမတူဘဲ ပိုပြီးသားနားနေသည်။ ဂျေး ကားပေါ်က အရင်ဆင်းပြီး ခွန်း ကို တံခါးလာဖွင့်ပေးကာ "ဆင်းလေ...အကျီင်္ဝယ်မယ် club ကို ဒီပုံစံနဲ့တော့ ဘယ်ဖြစ်မလဲ" ဂျေး မျက်ခုံးတစ်ချက် ပင့်ပြီးပြောလိုက်လေသည်။

တပ်​မက်ြ​ခင်းနဲ့အချစ်​ (တပ်​မက်​ြ​ခင်​းနဲ့အချစ်) || Completedजहाँ कहानियाँ रहती हैं। अभी खोजें