အပိုင်း (၂၂)

8.5K 918 99
                                    

~ Kyung Soo !! Kyung Soo လို့

ခက်ရချေပြီ Kai တစ်ယောက် Dancing Floor မှာ ကမယ် ဆိုပြီး ထသွားပေမယ့် Toilet ဝင်ချင်လို့ တစ်ချက် ဝင်သွားပြီး ထွက်လာလေတော့ Kyung Soo ရှိရာ နေရာ ကို အကြည့် Kyung Soo က်ု မတွေ့ရလေတော့ လူက ခေါင်းမီးတောက် ရလေသည်

Club ထဲ ပတ်ကြည့် ပေမယ့် ရှာမတွေ့ တာကြောင့် စိုးရိမ်မှု့က ဂိတ်ဆုံး မှာ

~Kyung Soo !! Kyung Soo

နာမည် ကို ခေါ်ကာ ပတ်ရှာပေမယ့် မတွေ့ ဖုန်းဆက်တော့လည်း ဖုန်း ကို ချပစ်တာ စိတ်ပူ လာတော့ Kyung Soo ဖုန်းထဲ သူ တိတ်တိတ်လေး ထည့်ထား ပေးတဲ့ App ကနေ တစ်ဆင့် ရှာကြည့် တော့ မှ Kyung Soo က ဒီ အနီး မှာ ဆိုတာ သိရလေသည်

ခြေလှမ်းတွေ ကို မြန်နိုင် သမျှ မြန်မြန်လျောက်ရင်း Kyung Soo ရှိနေရာဆီ လျောက်သွားလေတော့ ကား ဘေးမှာ ကျုံ့ကျုံ့ လေး ထိုင်ကာ ငိုနေလေတဲ့ Kyung Soo !!!

~ Kyung Soo !!! င်ုနေတာလား

အမြန် ဆုံး ပြေးသွားရင်း Kyung Soo ပုခုံးတွေ ကိုထိန်းကိုင် ရင်း မျက်နှာလေး အား ဆွဲမော့ကြည့်လေတော့ မျက်လုံးတွေ ရဲပြီး နှာဖျား လေးတွေ ပါ နီနေသည် အထိ ငိုနေလေသော Kyung Soo

~ အဟင့်

သူ့ကို မြင်ကာ မှ ပိုငို လေတဲ့ Do Kyung Soo ရယ်လေ

ငိုတာတောင် သူ့ကို မျက်စောင်း ထိုးပြီး တစ်ဖက်လှည့် သွားတာ

~ဘာလို့ ငိုနေတာလဲ Kyung Soo ဟင် ကိုယ့် က်ု ပြောလေ

~ ငါနဲ့ Kim Kai က စကား မပြောဘူး

မျက်ရည် တွေ ကျနေသည့် ကြား က နှုတ်ခမ်းလေး ဆူထွက်ကာ ဆက်ခနဲ့ ပြောလိုက် သည့် Kyung Soo

သေချာတယ် ဒါ သူ့ကို ကောက်နေတာ

ငိုနေတာ ကို ကြည့်ပြီး သနားပေမယ့် အသည်း ယား လွန်း လို့ ဘယ်လို လုပ်ရပါ့

မျက်ရည်တွေ ကျကာ နှုတ်ခမ်း ဆူထွက် နေသည့် Kyung Soo ရဲ့ ပါးဖောင်းဖောင်း လေးအား သူ ကုန်း ကိုက် လိုက် တော့ သု့ အား တွန်း ပစ်တဲ့ Kyung Soo

~ မခေါ်ဘူး အချစ် ကို မလေး မထား ကစား တဲ့ သူတွေ နဲ့ မခေါ်ဘူး အကျင့် မကောင်း တဲ့ သူနဲ့ မခေါ်ဘူး တွေ့ရာ လူနဲ့ နမ်းတဲ့ Play Boy ကို မခေါ်ဘူး

My Bestfriend's ❤Boyfriend ❤ (Z+U)Where stories live. Discover now