အပိုင်း (၁၂)

11.5K 1.2K 218
                                    

Kai ပြောသွားသည့် စကား တစ်ခွန်းကြောင့် Kyung Soo တစ်ယောက် ရင်တွေ ပရမ်းပတာ ခုန်နေတာ ခုန်နေတာ ဆိုတာ ပေါက်ကွဲ ထွက်တော့ မည့် အလား

မျက်နှာကလည်း သဘောတွေ စွတ်ကျ နေတာ မှိုရတော့ မလိုလို

ဝရုန်းသုန်းကား နဲ့ ပြေးဆင်း လာတော့ လှေကား အောက်မှာရပ်နေလေတဲ့ Kai ကို မြင်ပြီး အရှိန်သတ်လိုက်သည်

Kai က သူ့ကို ကြည့်နေတယ် ထင်တယ် မျက်လုံးတွေက သူ့ဆီ မှာ ချက်ချင်း ပင် အဲ့လိုလည်း တွေးမိရော ခြေလှမ်းတွေ မှားကာ လှေကား ကို ကျော်ဆင်း မိရာ ကနေ အောက်ကို ထိုက်လျက်လေး ပြုတ်ကျလေသည်

~အာ အာ့

သူ့အော် သံကြောင့် Kai က သူ့ရှေ့ တည့်တည့် လာရပ်ကာ

~ ဘာတွေ ပြာယာ ခတ်နေမှန်း ကို မသိဘူး တကယ်ပါဘဲ ထ ထ

ဆိုပြီး သူ့ လက်ကို ကမ်းပေးတာကြောင့် Kyung Soo လှမ်းဆွဲကာ ထလိုက်သည်

~ ကျောင်းနောက်ကျ တော့မယ်

Kai က ပြောကာ ရှေ့က ဦးဆောင် သွားလေတော့ သူပြုံးပြီး လိုက်လာ ခဲ့ သည်

ကားပေါ် ရောက်တော့ သူ Kai ကားမောင်း တာကို တစိမ့်စိမ့် စိုက်ကြည့် မိရာ မှ အကြည့် မလွှဲ နိုင် ဖြစ်နေလေတော့

~ ငါက အဲ့လောက် တောင် ချောလား

~ အန် 

~ မင်း စိုက်ကြည့် နေတာ လေ မျက်လုံးတွေ ကျွတ်ကြတော့မလိုဘဲ

ဘွင်းဘွင်း ကြီး ပြောချ လိုက်တဲ့ စကားကြောင့် Kyung Soo တစ်ယောက် ပူထူသွားသည် ရှက်လိုက်တာ အဲ့လို ကြီး ပြောချစရာ လားလို့

~ မင်း လက်တွေ လိမ်နေတာ ကျိုးတော့မယ် ကြာရင်

Kai ပြောမှ သတိထားမိပြီး ကိုယ့်ကိုယ်ကို ကြည့်မိတော့ လက်နှစ်ဖက် ကို လိမ်ချိုးနေတာ ပင်

~ အာ

~ဖြေပါဦး အစောနက မေးတာက ငါက အဲ့လောက်တောင်ချောလား လို့

~ မဟုတ် မဟုတ်ပါဘူး

~ဘာလဲ အဲဒါ ဆို မချော ဘူးလား

~ Arrani. အဲ့လို သဘောလည်း မဟုတ်

~ Yaaa မင်း ငါ့ကို မချောဘူး လို့ပြောတာလား

My Bestfriend's ❤Boyfriend ❤ (Z+U)Where stories live. Discover now