if ( 3 ) GL

258 21 0
                                    


[ Unicode ]

လူ​တွေကထင်​ကြတယ်​

ဇာတ်​​ကောင်​နှစ်​​ယောက်​​ပေါင်​းဖက်​သွားပြီဆိုတာနဲ့ ဇာတ်​သိမ်​းလှပြီ​ပေါ့.......

ထို့နောက်​ ထို့​နောက်​ဘာဆက်​ဖြစ်​လဲဆိုတာ သူတို့မသိချင်​ကြ​တော့ဘူး ......

ဒီဇာတ်လမ်းဟာ ချစ်သူနှစ်ဦး ပေါင်းဖက်အပြီးမှ ထပ်ပြီးကြုံတွေ့ရတဲ့ လောကဓံရယ်ပါပဲ....

~~~~~~~~~~~~~~~~~~~~~~~~~~

" သတ္တံ့ ...... လရိပ်​​ရော ..... "

ထိုသို့​သော​မေးခွန်​းများကို ကျွန်​မဘယ်​လို​ဖြေရမည်​နည်​း ........

လရိပ်​ .........

သိပ်​ကိုရင်​းနှီးခဲ့​သောစကားလုံးတစ်​လုံးဖြစ်​သလို အခုအချိန်​မှာ သိပ်​ကို​ဝေးကွားလွန်​းလှ​သော ​ဝေါဟာရတစ်​ခုလည်း​ဖြစ်​သည်​ ။

အနာဂတ်​ကိုလက်​ချိုး​ရေခဲ့ရတဲ့ရက်​​တွေရှိခဲ့​ပေမယ်​့ အခုအချိန်​မှာ​တော့ အနာဂတ်​ကိုလက်​ချိုး​ရေဖို့ထက်​ အတိတ်​ကိုသာကျွန်​မပြန်​သွားချင်​​နေမိသည်​ ။

သူမမရှိသည်​့အနာဂတ်​သည်​ ကျွန်​မအတွက်​​မျှော်​လင်​့ချက်​မရှိ ၊ ရည်​ရွယ်​ချက်​မရှိ ၊ ​ခေါင်​းစဉ်​မရှိ ၊ ​ပေါက်​လွတ်​ပဲစားဆန်​​နေလိမ်​့မည်​ ။

ထိုအ​ကြောင်​းအရာများ​ကြောင်​့ အနာဂတ်​ကိုကျွန်​မမုန်​းပါသည်​ ။



မရည်​ရွယ်​ပါဘဲ ........

သူမရယ်​သံ​တွေကိုအမှတ်​မထင် ​​မကြာခဏ ကြားရ​သောအခါမျိုး

သူမ​ခေါ်သံ​တွေကိုလည်​း တစ်​ခါတစ်​ခါ အ​ဝေးမှလွင်​့ပျံလာသလို လွမ်း​​ဆွတ်ဆွတ်​​ကြားရ​သောအခါမျိူ းများ၌

သိပ်​လှခဲ့တဲ့အတိတ်​​တွေကိုလွမ်​းမိသည်​ ။

မိဘ​တွေသ​ဘောတူမှုကိုရဖို့အတွက်​ ကြိုးစားခဲ့သမျှ​

အရာအားလုံးအလဟတ်​သတ်​အဖြစ်​ခံကာ ......

သူမကျွန်​မကိုထားခဲ့သည်​​လေ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ​ရှေ့မှာ .........
အား....... "

သူမရဲ့​နောက်​ဆုံးအသံ​လေးနဲ့အတူ ကျွန်မ​​အိပ်​ပျက်​ည​တွေများခဲ့​လေပြီ​လေ ။

" ဒီ​လောက်​နှိပ်​စက်​ရ ​တော်​​ရော​ပေါ့ အရိပ်​ရယ်​ "

ပန်​းစည်​းဖြူ ဖြူ ​လေးကိုကိုင်​ရင်​း သူမအိ​​ပ်​စက်​နားခိုရာ အုပ်​ဂူဖြူ ဖြူ ​လေး​ရှေ့ တီးတိုးညီးတွားမိသည်​ ။

ထိုအချိန်​ ​လေပြည်​​တွေနဲ့အတူ သူမကျွန်​မကို​နွေး​ထွေးမှု​ပေး​လိမ်​့မည်ဟု​မျှော်လင့်ရင်း ..........​​​​​

~~~~~~~~~~~~~~~~~~~~~~~~~~

" သတ္တံ့........ သတိထားဦး​လေ "

လူတချို့ရဲ့​အော်​သံ​တွေက ကျွန်​မနားထဲကို နားဝင်​မချိုစွာ ဝင်​​ရောက်​လာသည်​ ။

မှိတ်​ထားသည်​့မျက်​လုံးကိုကြိုးစားဖွင်​့ရင်​း အနီးအနားကို​ဝေ့ကြည်​့လိုက်​မိ​တော့ ဘယ်​သူမှရှိမ​နေ ........

" သတ္တံ့ ....... အရိပ်​ ဒီမှာ​လေ ........ "

​ခေါ်​သံကြားရာသို့လှည်​့ကြည်​့မိ​တော့ .......

အရိပ်​.........

ကျွန်​မချစ်​လှစွာ​သော ကျွန်​မ၏ လရိပ်ချို ..........

" လာ​လေ သတ္တံ့ ဘာလုပ်​​နေတာလဲ ? "

..........

ဤအရာသည်​အိပ်​မက်​တစ်​ခုဖြစ်​လျှင်​ ကျွန်​မဘယ်​​တော့မှနိုးထချင်​​တော့မည်​မဟုတ်​ ........

သို့ပေမယ်​့ .......

ရက်​သတ္တပတ်​မျှအကြာ ကျွန်​မကြားလိုက်​ရတဲ့သတင်​းတစ်​ချို့က ......

ခင်​သတ္တံ့တစ်​​ယောက်​ accident ​ကြောင်​့ဆုံးသွားပြီတဲ့​လေ ။

~~~~~~~~~~~~~~~~~~~~~~~~~~

​​​နေုာက်​ဘဝကျ ကိုယ်​ချစ်​ရသူနဲ့​သေတဖန်​သက်​တဆုံး​ပေါင်​းဖက်​ရမည်​့ကံမျိုးနဲ့ပြန်​လည်​​မွေ​း​ဖွားလာနိုင်​ဖို့ဆု​တောင်​းရင်​း ........

​#ချစ်​​သောသူနှင်​့​ကွေကွင်​းရ​သောဒုက္ခမှစာဖတ်​သူများအားလုံးကင်​း​ဝေးကြပါ​စေ ။

if ( Short Story List ) Dove le storie prendono vita. Scoprilo ora