အတန်းထဲသို့ ​ခြေတစ်​လှမ်းချင်းလှမ်းကာ ၀င်​လာ​သော သူ့​ခြေလှမ်းများကိုလည်း မမြင်​ကွယ်​ရာ ပြုလိုက်​မိသည်​။ ကျွန်​​တော်​ငိုမိ​တော့မယ်​ ထင်​ပါရဲ့။
လေတိုက်​ရင်​​​တောင်​ ငိုချင်​တဲ့ မီး​ကောင်​​ပေါက်​အရွယ်​လည်း မဟုတ်​​တော့ဘဲကို အသည်းနုလွန်းတဲ့ ကိုယ့်​ကိုယ်​ကိုယ်​ စိတ်​ပျက်​မိသည်​။
အ​နောက်​ခုံမှာ သူဝင်​ထိုင်​သွားတဲ့အထိ ​ခေါင်းငုံ့ထားရာမှ ကျွန်​​တော်​ပြန်​မ​မော့မိ။

မျက်​နှာ​ရှေ့သို့ လွှဲခတ်​​နေ​သော အရာတစ်​ခု​ကြောင့်​ ​ခေါင်းငုံ့ထားရာမှ ကျွန်​​တော်​​မော့ကြည့်​လိုက်​မိသည်​။ မျက်​စိ​ရှေ့တည့်​တည့်​မှာ ​ဝေ့၀ဲ​နေ​သော ဖုန်း​လေးတစ်​လုံး။ လူကို အိပ်​​ငွေ့ချ​နေသည်​များ ထင်​​နေလားမသိ။ အ​နောက်​ဘက်​မှ Jeon Jung Kook ရဲ့ လုပ်​ရပ်​​တွေမှန်း သိပါရဲ့​လေ။ လက်​ကို ​ခေါင်း​ပေါ်မှ ​ကျော်​ကာ ဖုန်းကို လှုပ်​ခါ​နေခြင်း​ကြောင့်​ စိတ်​ပျက်​စွာ စုတ်​တစ်​ချက်​သပ်​လိုက်​သည်​။

"​တော်​​တော့ Jung Kook"

ဖုန်းကိုလှမ်းဖမ်းပြီး ဆုပ်​ကိုင်​လိုက်​တာ​ကြောင့်​ ဟက်​ခနဲ သူရယ်​ချလိုက်​သည်​။

"တကယ်​​ပြောတာလား Tae"

သူ့နှုတ်​ဖျားမှ ညင်​သာစွာ ထွက်​ကျလာ​သော ကျွန်​​တော့်​နာမည်​​လေးရယ်​။ သူ​ပြော​သော စကားအား နားမလည်​သဖြင့်​ အ​နောက်​သို့ ကျွန်​​တော်​လှမ်းကြည့်​​တော့ စပ်​ဖြီးဖြီးမျက်​နှာ​ပေးနှင့်​လူကြီး။
ကျွန်​​တော့်​လက်​ထဲမှ ဖုန်းကို မျက်​စပစ်​ပြ​တော့ ကြည့်​လိုက်​မိသည်​။
ဘုရား​ရေ ဒါ...ဒါ ကျွန်​​တော်​ပို့ထားတဲ့ စာ။

[Jung Kook!! ငါ​တောင်းပန်​ပါတယ်​ အရင်​ကဖြစ်​ခဲ့တာ​တွေကို နားလည်​​ပေး​စေချင်​တယ်​ ပြီး​တော့ ရှင်းပြစရာ​တွေလည်းရှိတယ်​ ငါအခု မင်းကို အရမ်းလွမ်းတယ်​......အရမ်းချစ်​တယ်​]

ထိုစာကိုမြင်​ပြီး ပြူးကျယ်​သွား​သော ကျွန်​​တော့်​ရဲ့ မျက်​၀န်းအစုံ။ စာကိုတစ်​လှည့်​ Jung Kook ကိုတစ်​လှည့်​ကြည့်​ပြန်​​တော့ သူက ဖြီးပြဲ​နေ​သော မျက်​ခွက်​ကြီးနှင့်​။

Never Ever {♥Completed♥}Nơi câu chuyện tồn tại. Hãy khám phá bây giờ