I

8.2K 733 26
                                    

Written by: KimTae_Nun

_______________________________

ဒီ​နေ့က Trip ရဲ့ ​နောက်​ဆုံး​နေ့ဆို​တော့
ပစ္စည်း​တွေသိမ်းကြတာနဲ့ပဲ အလုပ်​ရှုပ်​​နေကြတယ်​။ ကျွန်​​တော်​က​တော့ အလုပ်​တစ်​ခု ထပ်​ပိုတယ်​။ ဟိုအရှည်​​ကောင်​ကို
ရှောင်​​နေရတာ​လေ။ သူ့ကို ​တွေ့ရင်​ မျက်​နှာကြီးက နီလာပြီး ငရုတ်​သီးပွတ်​ထားသလို ပူစပ်​ပူစပ်​​ဖြစ်​​လွန်းလို့။ ဖြစ်​မှာ​ပေါ့ ဒင်းဆိုတဲ့အ​ကောင်​က မ​နေ့ညက ​ပြောသွားတာ ချစ်​တယ်​တဲ့။

Appa Omma ကယ်​ကြပါအုံး ဒီသား​လေးကို။ ကျွန်​​တော်​ Jeon Jung Kook ဆိုတဲ့ အရှည်​ကြီးကို ​ကြောက်​တယ်​။
သူက လက်​ရဲဇက်​ရဲ သိပ်​နိုင်​တာ။
ကျွန်​​တော့်​ကိုဆို နမ်းတာ ဘယ်​နှခါမှန်း​တောင်​ မသိ​တော့ဘူး။ ငလူး​ကောင်​ကြီး နှာဘူးကြီး။
သူ့ကို ပြန်​မကြိုက်​ရင်​ ကျွန်​​တော်​နစ်​နာတယ်​။
အနမ်းလည်းခံရတယ်​​လေ။ အဲ​လေ ကျွန်​​တော်​ဘာ​တွေ ​တွေး​နေတာလဲ။ မင်းကိုမကြိုက်​ဘူးလို့ ​ပြောလိုက်​ရင်​ ပြီး​ရော​ပေါ့။
အဲ့လို​တွေးလိုက်​ပြန်​​တော့လည်း ရင်​ထဲမှာ ၀မ်းနည်းလာသလိုလို ငိုချင်​လာသလိုလို။

"Kim Tae Hyung အဲ့မှာ ထိုင်​ပြီး ဘာလုပ်​​နေတာလဲ တဲသွားသိမ်းအုံး​လေ ဟိုမှာ
Jung Kook တစ်​​ယောက်​ထဲ သိမ်း​နေရတယ်​"

ဟင့်​....လာပြန်​ပြီ Jung Kook။
နေရာတိုင်းမှာ Jung Kook ဆိုတာကြီးပဲ။
မျက်​နှာချင်းမဆိုင်​ချင်​လို့မှ ထွက်​​ပြေး​နေပါတယ်​ဆို ဆရာမက တဲသွားသိမ်းတဲ့။ တကယ်​ ငိုချင်​လာပြီ။

အရှည်​ကြီးက​တော့ တဲကိုဘယ်​အ​ပေါက်​က စသိမ်းရမလဲ စ​ဉ်းစား​နေတယ်​။
ကျွန်​​တော်​ တဲနားမှာ သွားရပ်​​တော့ သူ ကျွန်​​တော့်​ကိုပြုံးပြုံးကြီးဖြီးပြတယ်​။
အမယ်​​လေး.....ယုန်​ပြုံးကြီးနဲ့ ငါ့ကို ကြိုက်​​အောင်​ လာမလုပ်နဲ့။
မကြည့်​ဘူး သူ့ကို လုံးဝ မကြည့်​ဘူး။
မှိတ်​တယ်​ မျက်​လုံးကြီးကို အတင်းကာ​ရော မှိတ်​တယ်​။ ဒါမှ သူ့မျက်​နှာကြီး မမြင်​ရမှာ။
ကိုယ့်​အ​တွေးနဲ့ကိုယ်​​လေး မျက်​လုံးမှိတ်​ထားတုန်း ရုတ်​တရက်​ပြန်​ဖွင့်​​တော့
ပြူးပြူးပြဲပြဲ သူ့မျက်​နှာ။

Never Ever {♥Completed♥}Where stories live. Discover now