D

9.4K 792 28
                                    

Written by: CandyBangtan

_______________________________

ဘယ်​တစ်​ဖက်​ ညာတစ်​ဖက်​ ဂျိုင်းကြားက ဘီးနှစ်​လုံး​ကြောင့်​ အများရဲ့ အာရုံစိုက်​ခြင်းကို ကျ​တော်​ဟာ အပြည့်​အ၀ ရရှိထားသည်​။ ဂွိစိဂွစ ​ဝေဖန်​သံ​တွေကို ဥပက္ခာပြုရင်း ကြိတ်​​ပျော်​​နေမိသည်​။ ​ပျော်​ဆို သယ်​လာတဲ့ ဘီးနှစ်​လုံးက မ​နေ့က ဖြုတ်​ပစ်​ခဲ့တဲ့ အချစ်​​တော်​ကြီးရဲ့ စက်​ဘီးက အလုံးနှစ်​လုံး​ကိုး။ ဘီး​ဖောက်​တာ​လောက်​က​တော့ ပျင်းတာ​ပေါ့ကွာ။ Jeon Jung Kookတို့ အိပ်​​နေသ​လောက်​ပဲ ရှိတယ်​...ဟက်​ဟက်​။

အခန်းထဲ​ရောက်​​တော့လည်း ဘီးနှစ်​လုံး အရှိန်​အ၀ါဖြင့်​ ကျ​တော်​ဟာ ​တောက်​ပ​နေပြန်​သည်​။ တစ်​တန်းလုံးရဲ့ အကြည့်​များသည်​ ကျ​တော့်​ထံ၌ အစုလိုက်​အပြုံလိုက်​။ ခပ်​တိုးတိုး ထင်​မြင်​ချက်​ ​ပေးသည်​ကလည်း စုံလို့။ ကျ​တော့်​ကို တဖြုတ်​ဖြုတ်​​ကြွေပါသည်​ဆိုတဲ့ ​ကောင်​မ​လေးများပင်​ ပြူးပြဲကာ ကြည့်​​နေကြ​သည်​။

'ဟယ်​ oppa ယူလာတာ ဘာရီးလဲ'

'ဘီး​တွေ​လေ'

'သိတယ်​ oppa ရူးများသွားပြီလားဟယ်​'

'လွတ်​သွားတာလား မသိဘူး နှ​မြောစရာရီး'

ငှယ်​ ပိတ်​ရိုက်​လိုက်​လို့။ လူကိုများ လွတ်​သွားပြီ​လေး ဘာ​လေးနဲ့။ ဒီတစ်​ခါ စာလာ​ပေးကြည့်​ ရိုက်​လွတ်​မှာ။ အဟက်​... ကြုံတုန်း​လေးကြွားတာ....ကျ​တော်​က ​မျောက်​​လောင်းထက်​ ​ဆော်​ပိုကြည်​တယ်​။ ​မျောက်​​လောင်းဆိုမှ သူ မ​ရောက်​​သေးတာ အ​တော်​ပဲ။ ဘီးနှစ်​လုံးကို သူ့စားပွဲထက်​ ကျကျနန တင်​​ပေးထားလိုက်​သည်။ ဘီးလုံး​တွေ မြင်​ရင်​ ဖြစ်​​သွားမဲ့ မျက်​နှာကြီး အရသာခံ ထိုင်​ကြည့်​အုံးမှ။

Ting...Ting.....

ကျောင်းတက်​​ခေါင်း​လောင်းတီိးမှ ကမန်းကတမ်း အခန်းထဲ​ပြေးဝင်​လာသည့်​ ​မျောက်​​လောင်း Kim Taehyung သူ့စားပွဲ​ပေါ်က ဘီးလုံး​တွေလည်းမြင်​​ရော မဲ့သွားတာ အီးမှန်​ထားသလိုပဲ။

"Yah....Jeon Jung Kook!!!'

'ဟင်​....ဘာဖြစ်​လို့လဲ Taehyung'

ဝါးမတတ်​စားမတတ်​ မျက်​​မှောင်​ကျုတ်​ပြီး ကျ​တော့်​ကိုကြည့်​​နေသည်​။ ရယ်​ချင်​စရာရုပ်​ကြီး။
'ဒါ....မင်းလုပ်​တာမလား?'

Never Ever {♥Completed♥}Where stories live. Discover now