32-ကျွန်တော်ချစ်တဲ့~~သူ~~

Começar do início
                                    

"သူတို့တွေကြားထဲ ငါအရှုပ်ထုပ်များဖြစ်နေပြီလား??"

~~~~~

"လက်ထပ်ပွဲဖျက်ဖို့ ငါပြောလိုက်ပါ့မယ်…"

"…………"

"ဟင့်အင်း!! ရပါတယ် မင်းမငြင်းနိုင်တာငါ
နားလည်တယ်… အခုလည်းနောက်မကျသေး
ဘူးထင်တာပဲ ငါတို့စေ့စပ်တာတောင် မလုပ်ရသေးဘူးလေ…"

"…………"

"ပြီးတော့…… ငါ့အမေမင်းကို အတင်းအကြပ်လမ်းခွဲခိုင်းခဲ့တာလည်း ငါတောင်းပန်ပါတယ်… မင်းသူမကိုနားလည်ပေးမယ်မလား??"

"……"

"အင်း!! ဒါပဲနော်… good night yeol!!"

"good night baek!! ပြီးတော့ကျေးဇူးပါပဲ…"

Baekhyunအိမ်ပြန်သည့် လမ်းတစ်လျှောက် Chanyeolနှင့် phပြောလာခဲ့သည်။ Chanyeolကလည်းကျေးဇူးတင်ကြောင်း…
သူပြောခဲ့မိတာတွေအတွက် တောင်းပန်သည်။ သူငယ်ချင်းကောင်းအဖြစ်
နေကြမည်ဟု ပြောလာတာမို့… Baekhyunလည်းသဘောတူစွာ phချလိုက်သည်။

Baekhyunသည်လည်း လောလောဆယ်ဦးလေးအိမ်မှာနေနေသည်မို့
L.Aကမိဘနှစ်ပါးကလည်း မိမိလက်ထပ်ပွဲကြောင့် ဦးလေးအိမ်မှာခဏလာနေရသည်။ Baekhyunလက်ထပ်ပွဲဖျက်ရန် တောင်းပန်ကြည့်မည်။ မရလျှင်chanyeolကိုပါ
တောင်းပန်ခိုင်းမည်။

Sehunနှင့်တစ်ညတာ ကုန်ဆုံးပြီးဖြစ်သော
မိမိခန္ဓာကိုယ်ကြောင့်လည်း Chanyeolကို
အားနာသည်။ Wu Yifanနှင့် Chanyeolချစ်ခြင်းကိုလည်း မခွဲချင်… မိဘတွေနောက်ထား သူတို့တိတ်တိတ်လေး
ခိုးချစ်လို့ရနေသည်ပဲ…

ထို့အပြင် မိမိအပေါ်တွယ်တာရှာသော Sehunအပေါ်လည်း စိတ်မကောင်းဖြစ်မိတာမို့… Baekhyunအားတင်းကာ အိမ်passwordရိုက်လိုက်သည်။

"Baekhyun oppaလာဦး လာဦး…"

အိမ်ထဲရောက်ရောက်ချင်း လက်ကိုအတင်းလာ
ဆွဲကာ TVရှေ့ခေါ်သွားသော တစ်ဝမ်းကွဲညီမဖြစ်သူ So Yong…

"ဘာလဲကွာ!! ပြော"

Baekhyunက စိတ်ရှုပ်သလိုမေးတော့ သူမက မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် TVကိုလက်ညှိုးပြလာသည်။

"Wu Group၏ သားကြီး Wu Chanyeolနှင့်
BY Group၏ တစ်ဦးတည်းသား Byun Baek Hyunတို့၏ လက်ထပ်ပွဲကို မနက်ဖြန်မနက်10တွင် xxxx Hotelမှာ……"

" ~~The One~~ I Love "《✔Completed》Onde histórias criam vida. Descubra agora