2-ကျွန်တော်ချစ်တဲ့~~သူ~~

5.9K 462 11
                                    

chan yeolနှင့် အကြည့်ချင်းဆုံသွား၍
yi fanရှက်ရှက်နှင့် အပေါ်ကိုပြေးတက်
လာသည်…အခန်းထဲရောက်သည်နှင့် ကုတင်ပေါ် တစ်ကိုယ်လုံးပစ်လှဲပစ်လိုက်
သော yi fanမျက်နှာကလေးဟာ ပြုံးနေ
မည်မှာ အသေအချာ…

အတွေးတို့က pa paတို့နှင့် ရယ်မောကာ
စကားပြောနေသည့် chan yeolပုံရိပ်
လေးဆီရောက်သွားပြန်တော့ တလှပ်
လှပ်ခုန်လာသည့် နှလုံးသားကလေးဟာ
chan yeolကိုချစ်ကြောင်း ဝန်ခံနေသ
ယောင်…

ခပ်သြသြရယ်သံလေးနှင့်အတူ ရယ်လိုက်
တိုင်းပေါ်ပေါ်လာတတ်သည့်ဘယ်ဘက်ပါး ကပါးချိုင့်ကလေးဟာ chan yeol အပြုံးလေးတွေကို ပိုတောက်ပစေ သည်...

ကိုင်ကြည့်ချင်လိုက်တာ...ထိုပါးချိုင့်က
လေးကို...chan yeolရယ် မင်းဆီမှာရှိ
တဲ့ အရာတိုင်းက ဘာလို့ချစ်ဖို့ကောင်း
နေတာလဲဟင်!! တကယ်ကိုပဲ ဒီပါးချိုင့်
လေးကိုတောင် ငါမနာလိုဘူးကွာ…

သူ့အား တမေ့တမောငေးကြည့်နေသည့်
ကျွန်တော့်အားမြင်သောအခါ သောက်
လက်စအအေးပင်သီးကာ ပါးပြင်ကလေး
ပါရဲလာသော အသည်းယားစဖွယ်ကောင်
လေးကို ဖျစ်ညှစ်ဖက်ပစ်ချင်စိတ်တွေက
လည်း အစိုးမရ…

မျက်နှာကြပ်တွင်ကပ်ထားသည့် chan yeolပုံလေးအားမြင်သောအခါ အလိုလို
တွန့်ကွေးလာသော နှုတ်ခမ်းလေးတွေ

ပါးချိုင့်ကလေးပေါ်အောင်ပြုံးနေသည့်
chan yeolမျက်နှာကလေးဟာ yi fan
ရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်သည်အထိ
လုံလောက်ခဲ့တာ…

လွန်ခဲ့တဲ့လေးနှစ်လောက်ကတည်းက
သူဟာ chan yeolကို ချစ်နေခဲ့တာ

LAက ပန်းခြံကလေးထဲမှာ ဆွယ်တာခပ်
လွင်လွင်လေးဝတ်ထားသည့်ကောင်လေး ဟာ ဆောင့်ဆောင့်ကလေးထိုင်ရင်း ခွေး
ကလေးရဲ့ ခေါင်းလေးကိုပွတ်သပ်ရင်း ပြုံး
နေသည့် ပုံရိပ်ကလေးဟာ  သူ့နှလုံးသား ထဲကို တစ်စစတိုးဝင်လာခဲ့သည် (at media ^_^)

ကောင်လေး၏ ပုံကလေးကို ရှုထောင့်မျိုး
စုံကနေ မှတ်တမ်းတင်ရင်း သူဟာ အချိန်တွေကိုမေ့လျော့နေခဲ့သည်အထိ…

ကောင်လေးသူ့အနားကထွက်သွားသည်
အထိ သူဟာငေးကြည့်နေမိတုန်း…

" ~~The One~~ I Love "《✔Completed》Tempat cerita menjadi hidup. Temukan sekarang