19-ကျွန်တော်ချစ်တဲ့~~သူ~~

3.4K 275 12
                                    

"chan yeol yah"

"ဟင်!! အာ yi fan"

သန့်စင်ခန်းထဲဝင်လာသည့် yi fan,
chan yeolဘေးနားရပ်လိုက်ရင်း ပုခုံး
လေးကို အသာကိုင်ကာ…

"ရပ်ကြည့်နေတာကြာပြီ… ဘာတွေစဉ်း
စားနေလို့ ကိုယ်ရောက်နေတာတောင်
မသိရတာလဲ??"

"ဘာမှမစဉ်းစားပါဘူး… အဲ!! ဒါနဲ့ ကိုယ်ဆိုပြီး ပြောလိုက်သလားလို့"

"အင်း?? ဘာလို့!! မကြိုက်ဘူးလား?"

"ဟင့်အင်း!! ငါသဘောကျတယ်"

chan yeolပြုံးကာ yi fanနှုတ်ခမ်း
ကို ဖွဖွလေးနမ်းလိုက်တယ် ။

"ဒါဆို ကိုယ်တို့ dateကြတော့မလား
??"

"သွားရအောင်"

chan yeol, yi fanလက်မောင်း
ကို ခိုတွဲလိုက်ရင်းပြောတော့ yi fan
က သူ့ဆံပင်လေးကို အသာဖွလေ
သည် ။

"aigoo!! ကိုယ့်ကလေးလေး"

ဟုတ်တယ်!! yi fan… ငါတို့ လက်
ရှိအချိန်မှာပဲ ပျော်ပျော်နေရအောင်
နော်… အနာဂတ်တွေ ပစ္စုပ္ပန်တွေကို
မေ့ပြီး လက်ရှိအချိန်လေးကို ပျော်ပျော်
ရွှင်ရွှင် အတူဖြတ်သန်းကြရအောင်နော်

chan yeol, သူချစ်ရသူ မျက်နှာ
လေးကို ငေးကြည့်ရင်း ပြုံးလိုက်မိသည်

~~~~~

"yah!!! ဘာလို့ကစားကွင်းလဲ ငါ
က ကလေးလား??"

"အင်း!!"

yi fanက ပြုံးရင်းပြောတော့ chan
yeolနှုတ်ခမ်းလေးထော်လာသည် ။

"ဆူပုတ်မနေနဲ့ ကလေးရဲ့… လာ"

chan yeolခေါင်းလေးကို ပုတ်ရင်း
yi fanက လက်ကလေးကိုဆွဲသွားတော့ ဆူပုတ်ပုတ်လေးဖြင့် ကား
ယားလေးပါသွားလေသည် ။

"ဟာ!! မတပ်ဘူးဆို!! wu yi fan
နော် မယုတ်မာနဲ့"

"ဟာ!! ဘီးကုပ်လေးတပ်ပေးတာကို
ယုတ်မာတယ် ဟုတ်စ wu chan yeol ssi"

chan yeolသူ့ဆံပင်ညိုညိုတို့ပေါ်
နေရာယူထားသည့် ခပ်ဖြူဖြူခွေးနား
ရွက်ကို ကိုင်ကာ ဆူပုတ်နေလေသည် ။

"ဒီမျက်မှန်ကြီးကရော ဘာလဲ?? ငါက
ဇီးကွက်လားလို့"

မျက်နှာပေါ်က မျက်မှန်ဝိုင်းကြီးကို ဆွဲ
ချွတ်ရန်ပြင်နေသော chan yeol
လက်ကို yi fanကိုင်ကာ ထိန်းလိုက်
ရင်း

" ~~The One~~ I Love "《✔Completed》Where stories live. Discover now