32-ကျွန်တော်ချစ်တဲ့~~သူ~~

Mulai dari awal
                                    

သူမကသက်ပြင်းချသည်။ မိုးလင်းလျှင်အိမ်ကထွက်သွားသည်။ ပြီးလျှင်မိုးချုပ်မှပြန်လာကာ အခန်းထဲကထွက်မလာသည့်သားဟာ ထမင်းလည်းမစားချေ။ တစ်ခါတစ်လေအခန်းတွင်းမှ ရှိုက်သံသဲ့သဲ့လည်း ကြားနေရတာမို့ မနေနိုင်တော့သည့်သူမမှာ Baekhyunအကြောင်းစုံစမ်းကာ ရှေ့မျက်နှာနောက်ထားပြီးတောင်းဆိုရသည်
အထိ…

"အန်တီသားလေးက ကောင်မလေးတွေ
တစ်ယောက်ပြီးတစ်ယောက်တွဲတာအန်တီ
သိပါတယ်။ ပျက်သွားတိုင်းလည်းခပ်အေးအေးပဲ…
ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့
ချစ်လာရတဲ့သားဆိုးလေးမို့ အန်တီတို့လည်း
မဆူရက်ခဲ့ဘူး… ဒါပေမယ့်အခုတလော
သားလေးလိမ်မာလာတယ်။ ကောင်မလေးတွေနဲ့လည်း အဆက်အသွယ်ဖြတ်တယ်။ တစ်ခါတစ်လေphထဲက ကောင်လေးတစ်ယောက်ပုံကြည့်ပြီး ပြုံးနေတတ်တာ…"

သားအကြောင်းပြောနေသော သူမမျက်နှာ၌
ဝမ်းနည်းရိပ်များလှိုက်တက်လာသည်ကို
Baekhyunမြင်လိုက်ရသည်။

"ဟိုတလောက ညသန်းခေါင်ကြီးသားလေးဆီ
phလာတယ်လေ… သူအသည်းအသန်ပြေးထွက်သွားပြီးတော့
နောက်တစ်နေ့ညရောက်မှ မူးပြီးပြန်ရောက်လာတာ… အဲ့ဒီနောက်အမြဲပြုံးရွှင်နေတတ်တဲ့ ကလေးမျက်နှာက ခပ်တည်တည်ဖြစ်လာတယ်… ဒါကိုကြည့်ပြီး
သားတို့ကြားမှာ တစ်ခုခုဖြစ်ခဲ့မှန်းအန်တီ
နားလည်ပါတယ်"

စကားအရှည်ကြီးပြောပြီးနောက် သူမကသက်ပြင်းထပ်ချရင်း Baekhyunအား
အားနာစွာကြည့်လာသည်။

"အန်တီတောင်းဆိုတာပါ။ သားလေးကိုနည်းနည်းလောက်တော့ စဉ်းစားပေးပါ"

"ကျွန်တော်တောင်းပန်ပါတယ်အန်တီ… ဒါဆိုပြန်ခွင့်ပြုပါဦး"

ရိုင်းသွားမှန်းသိသော်ငြား Baekhyunစိတ်ရှုပ်
စွာ ထိုင်နေရာCafeဆိုင်တွင်းမှ ထထွက်လာခဲ့သည်။

အစောနကလေးတင် Chanyeolမေမေကို
သူကိုယ်တိုင်ချိန်းပြီး အကြောင်းစုံမေးခဲ့တာ…
ပြီးတော့ Sehunအမေက phဆက်ပြီးတွေ့ဖို့တောင်းဆိုတယ်။

Baekhyunစိတ်ညစ်ညူးစွာ သက်ပြင်းချလိုက်မိ
သည်။ စိတ်ရှုပ်ရှုပ်နဲ့ လမ်းပင်မလျှောက်ချင်တော့
သည်မို့ နီးစပ်ရာကားမှတ်တိုင်တွင် ဝင်ထိုင်လိုက်သည်။

" ~~The One~~ I Love "《✔Completed》Tempat cerita menjadi hidup. Temukan sekarang