သို့...ပီတာ

1.2K 169 17
                                    

#unicode
သို့
ပီတာ

ရင်နာနာနဲ့ပဲ သိပ်ချစ်ရပါသတဲ့
ပီတာ။

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

"Hyung ကော်ဖီ"

"ကျေးဇူးပဲ chanyeol"

အနက်ရောင်တီရှပ်လက်ရှည်နဲ့
Yifanဟာ သူ့မျက်ဝန်းထဲနတ်သားလေးလို၊
မင်းသားလေးလို ကြည့်ကောင်းနေ၏။

ထင်ရှားသည့်မေးရိုးသည်လည်း
Yifanအားစွဲလမ်းစေသည့်
အကြောင်းများထဲမှ တစ်ချက်။

"Hyung ညနေကျရင်..."

"ညနေကျရင်hyungရိုက်ကူးရေးတစ်ခုရှိလို့အိမ်ပြန်နောက်ကျမယ်chanyeol"

Hyungညနေကျရင်ညစာကိုအပြင်မှာထွက်စား
ရအောင် လို့ပြောမည့်အရေးYifanစကားလုံးများအောက်နှုတ်ဆိတ်နေခဲ့မိသည်။

ရ်ိုက်ကူးရေးရှိသည်ဆိုတဲ့နောက်မှာchanyeol
မည်သည့်စကားလုံးကိုမှထပ်မပြောဖြစ်တော့။

တစ်ကြိမ်တစ်ခါမှ သူမနမ်းရှိုက်ခဲ့ဖူးသည့်
မနီမရဲနှုတ်ခမ်းလွှာအားနောက်ဆုံးအကြိမ်အဖြစ်
ကြည့်မိသည်။

တစ်ချိန်ကျသူမက်မောခဲ့ဖူးသည့်(ဖြူစင်စွာ)
Yifanပေးမည့်အနမ်းများကိုကျေနပ်တကြီးခံယူမည့်အမျိုးသမီးဟာဘယ်သို့ဘယ်ပုံရှိနေမှန်း
သူ(chanyeol)သိချင်မိပါ၏။
ချစ်ရသူရဲ့လက်ထပ်မင်္ဂလာပွဲကိုတော့တက်ရောက်
ဖို့မရဲတာမို့ သတင်းကြားတဲ့အခါဂုဏ်ပြုစာလွှာလေးတစ်စောင်တော့ပို့ပေးမည်ဟုသူ
ဆုံးဖြတ်ထားလိုက်မိသည်။

<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

တစ်လတာကျင်လည်ခဲ့ရသည့်
ပတ်ဝန်းကျင်တစ်ခုအား
စွန့်ခွာရမည်ဟူသောအသိစိတ်က
အနည်းငယ်တော့ဝမ်းနည်းရသည်။

သူသိပ်ချစ်တဲ့ သူ့ရဲ့မင်းသားလေးနဲ့
အပြီးအပိုင်ခွဲခွာရမယ်ဆိုတဲ့
စိတ်က သူ့နှလုံးအစုံအား
နာကျင်စေသည်။

တစ်လတာ အတူတူအိပ်စက်ခဲ့သည့်
အိပ်ရာပြင်ကျယ်ကြီးဟာ
သူ့ကို ရီပြနေသည်ထင့်။

နှံ့စပ်စွာသူကျင်လည်ခဲ့ဖူးသည့်
ထမင်းစားခန်းလေးက
သူ့ကို လှောင်နေသယောင်ယောင်။

သို့..ပီတာ (COMPLETED)Where stories live. Discover now