သို့...ပီတာ

1.1K 169 17
                                    

#unicode
သို့
    ပီတာ

တင့်ကာဘဲလ်လေးက
ပီတာ့ကို သိပ်သတိရနေပါသတဲ့။
ပီတာကရော?

<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

"Chanyeol သူတို့က hyungကို
Entertainment မှာtraineeဆင်းဖို့
ခေါ်ထားတယ်"

မနက်က yifan HiBaကတာဝန်ရှိသူ
တစ်ယောက်နဲ့တွေ့ပြီး စာချုပ် ချုပ်တော့
ထိုလူပြောလိုက်တာက yifanမှာ အရည်အချင်း
ရှိပြီးသားမို့ trainee လုပ်ဖို့ အချိန်သိပ်ကြာ
မှာမဟုတ်တဲ့ အပြင် debut လုပ်ပြီးပြီးခြင်း
အောင်မြင်နိုင်မယ်ဆိုလားပဲ။

"ကောင်းတာပေါ့hyungက trainee
ကာလက ဘယ်လောက်လဲ hyung"

"သိပ်မကြာလောက်ဖူးထင်တယ်
ဒါပေမယ့် hyung သူတို့စီစဉ်ပေးတဲ့
နေရာမှာပဲသွားနေရမှာ "

မျှော်မှန်းထားပြီးသားကိစ္စရပ်တစ်ခုဖြစ်သော်လည်း လက်တွေ့ရင်ဆိုင်ရသည့်အခါ
Chanyeolအနည်းနှင်အများတော့
စိတ်မကောင်းဖြစ်မိသည်။

အခုဆို သူ့ရဲ့မင်းသားလေးက
သူ့ကိုစွန့်ခွာပြီး အောင်မြင်မှုဆီ
ခြေလှမ်း လှမ်းတော့မည်။

ဝေးကွာရမည့်ကာလကိုမှန်းဆ၍မရသလို
ပြန်လည်ဆုံတွေ့ချိန်ဟာလည်း
TVဖန်သားပြင်ပေါ်က yifanအား
သူငေးကြည့်ရသည့်အချိန်လည်း
ဖြစ်သွားနိုင်သည်။

စိတ်ကူးယဉ်အိပ်မက်တွေအမှန်တကယ်ဖြစ်လာ
သည့်yifanအတွက် ဂုဏ်ယူပေးရမည်
ဆိုပေမယ့် yifanဟာ
သူ့အားမေ့လျော့သွားပြီး
အောင်မြင်မှုတွေနှင့်
ပျော်မွေ့သွားလျှင် ဆိုတဲ့အတွေးတွေက
သူ့အား နှိပ်စက်နေသည်။

"ကျွန်တော်တို့တွေ့ဖြစ်ကြဦးမယ်မလားဟင်"

စို့နင့်စွာသူဆိုတော့
Yifanက စားလက်စ ပင်လယ်စာ
ပန်းကန်အား ဘေးတစ်ဖက်သို့တွန်းပို့ကာ
စားပွဲပေါ်မှ သူ့လက်အား
ဆွဲယူရင်း။

"Hyungကိုတည့်တည့်ကြည့် chanyeol"

စားသောက်ဆိုင်ထဲမှ စန္ဒယားသံအေးအေးလေး
လွင့်ပြန့်လာသည်။

ရာသီဥတုကြောင့်ပဲလားမသိပေမယ့်
ရေခဲတမျှအေးစက်နေခဲ့သည့်
သူ့လက်တွေ(chanyeolလက်တွေ)ဟာ
Yifanရဲ့ ခပ်နွေးနွေး လက်ဖဝါးအောက်မှာ
အနွေးဓာက်ကို ရရှိခဲ့သည်။

သို့..ပီတာ (COMPLETED)Donde viven las historias. Descúbrelo ahora