သို့...ပီတာ

2.9K 210 17
                                    

#unicode
Part(1)

သို့
   ပီတာ

ဝင်ဒီလေး စိတ်ကူးယဉ်ကမ္ဘာထဲ
ရောက်မလာခင်အချိန်အထိ
တင့်ကာဘဲလ်နဲ့ပီတာ
ပျော်ရွှင်ခဲ့ကြတယ်နော်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မှုန်ဝါးဝါး နှင်းထုလေးဟာ
လောကတစ်ခွင်ကို အုပ်စိုးနိုင်သလိုမျိုး၊

အမှောင်ထုကိုပြိုပျက်စေတဲ့
နေမင်းကြီး၏အလင်းရောင်လိုမျိုး၊

Yifanဟာလည်း သူ့ဘဝတစ်ခုလုံးကို
မင်းမူပိုင်ဆိုင်သတဲ့။

မနက်ခင်းရဲ့
ဖျော့တော့တော့နေ့အလင်းရောင်
အောက်မှာ Chanyeolတစ်ယောက်အလုပ်
တွေရှုပ်လို့။

ခြောက်နာရီဆိုသောအချိန်အရ
သာမန်လူအိပ်ကောင်းသော
အချိန်ဖြစ်ပေမယ့် Chanyeol
အတွက်တော့ ပုံမှန်နိုးနေကြအချိန်တစ်ခု။

yifanနိုးလာလျှင်
အဆင်သင့်စားနိုင်ရန်
ပေါင်မုန့်မီးကင်လေးကို
မကျက်တကျက်ကင်ထားပြီးပြီ။

Yifanသိပ်ကြိုက်တဲ့
ကော်ဖီကို သကြားသုံးခဲထည့်ပြီး
ဖျော်ထားပြီးပြီ။

"ဟီး...hyungကိုသွားနိုးရမယ်
အရမ်းအိပ်ရင်လည်းမကောင်းဘူး"

တစ်ယောက်တည်း တစ်ကိုယ်တည်း
ရေရွတ်ရင်း yifanအိပ်နေသည့်
ဧည့်ခန်းထဲသို့ ပေါ့ပါးသော
ခြေလှမ်းများဖြင့် သူ(chanyeol)
ထွက်လာခဲ့သည်။

"Hyungရေ ထတော့"

အခုလိုအချိန်လေးကို
Chanyeol သိပ်ပျော်သည်။

မနက်ခင်းကို
Yifanမျက်နှာလေး မြင်ပြီးမှ
အိပ်ရာနိုးရသည်။

Yifanကြိုက်သည့်မနက်စာများအား
သူ့လက်နှင့် သူကိုယ်တိုင်ပြင်ပေးရသည်။
သည်အချိန်များဟာ
သူ့အတွက်တော့ပျော်စရာအကောင်းဆုံးပဲပေါ့။

"ဖူး...ဖူး..."

တော်တော်နှင့်မနိုးနိုင်သော
Yifan၏ နားသယ်စပ်ကလေးအား
လေမှုတ်ကျီစယ်လိုက်တော့
အိပ်တော်မူနေသော သူ့ရဲ့မင်းသားလေးက လူးလိမ့်၍နိုးလာသည်။

"ထဗျာ နိုးနေတာကို ပြန်အိပ်မနေနဲ့
ကျွန်တော် မနက်စာပြင်ပြီးပြီ
ထ ထ.."

သို့..ပီတာ (COMPLETED)Where stories live. Discover now