အပိုင်း (၄)

1.7K 268 27
                                    

~ Nae Jongin မင်းသားလေး

Kyung Soo ပြောကာ ရယ်လိုက်သည် အခုတင် အိမ်ရှေ့စံ မင်းသား လေး က သူ့ကို မင်းသား လေး တပ်ပြီးမခေါ်ဖို့ ပြောထား တာ ကို သူက ခေါ်မိသည် မဟုတ်လားး

~ ကောင်း ပြီ ဒီနေ့ ငါ နန်းတော် ထဲ ကို ရှူစား မယ် ငါ့ နောက် က လိုက်ခဲ့

ဝတ်ရုံ ဖားဖား ကြီး ကို အရှေ့ ကနေ မ ကာ ထွက်သွား တာကြောင့် Kyung Soo ပိုက်ထား သည့် အထုပ်လေး ချကာ အပြေး လိုက် ခဲ့ သည်

အပြင်ဘက်မှာ ရပ်စောင့် နေသည့် ကိုယ်ရံတော် တွေ ကို Jongin မင်းသား လေးက နောက်ကနေ လိုက်မလာဖို့ ပြောနေသည် မဟုတ်လား

သူ က ကိုယ်ရံတော် အသစ် ဖြစ်သွား သည်မို့ သုက ကာကွယ်ပေးလိမ့်မည်တဲ့လေ

အရွယ် နဲ့ လိုက်အောင် ရင့်ကျက်မှု့ မရှိသည့် ဒီနိုင်ငံ ရဲ့ အိမ်ရှေ့ စံ မင်းသား အပေါ် Kyung Soo ပထမဆုံး အကြိမ်စိတ် ပျက်သည်

အိမ်ရှေ့စံ မင်းသားအဆောင် ကနေ ပန်ဥယျာဉ် ထို့နောက် စားဖိုဆောင် ထို့နောက် စစ်သူကြီးတွေ နေတဲ့ အဆောင်

အဲ့ကနေ နောက်ဆုံး ရောက်လာ သည်က အပျိုတော် တွေ နေတဲ့ အဆောင် နန်းတွင်းသူတွေ နေတဲ့ အဆောင်ဆီ

အရှေ့ က Jongin မင်းသား လေးက မော့တော့ မော့တော့ နဲ့ သွားနေပေမယ့် Kyung Soo ခြေလှမ်းတွေ က တုံ့ဆိုင်း လာလေသည်

~ Jongin မင်းသား လေး

နာမည် ကို ခေါ်ကာ ကိုယ်ကို ကျုံ့ရင်း ခေါင်း ကို ငုံ့ လိုက် သည်

Kyung Soo သိရသလောက် ဆိုရင် ဒီ အဆောင်တော်တွေ ဆီ ကို ယောကျာင်္းလေးတွေ လာခွင့်မှ မရှိ တာ ကို

သူ ခေါ်လိုက်တာကြောင့် သူ့အား ခပ်ဆူးဆူ ကြည့်ကာ လက်ပိုက် ထားလေသည်

~ ဒီ အဆောင်တော်ကလေ

Kyung Soo ခပ်တိုးတိုး မဝံ့ မရဲ ပြောရင်း လက်ညိုး ထိုးလိုက်တော့ မင်းသားလေးရဲ့ မျက်နှာ အလို မကျ မှု့တွေ အပြည့်

~ ကျွန်တော် တို့ ဝင်ဖို့ မသင့် တော် ပါဘူး တား မြစ်ထား တယ် မဟုတ် ပါလား မင်းသားလေး

သူ ခေါင်းငုံ့ရင်းထပ်ပြောလေတော့ မင်းသား ထံ မှ ရယ်သံ သဲ့သဲ့ ကြားလိုက်ရသည်

You've reached the end of published parts.

⏰ Last updated: Sep 12, 2018 ⏰

Add this story to your Library to get notified about new parts!

Love Me Like You DoWhere stories live. Discover now