အပိုင်း ၃

3.2K 424 39
                                    

Love Me Like You Do

ဂူ အမတ်​ကြီးရဲ့ စံအိမ်​​တော်​ဟာ ​ဆောင်​ကြာမြိုင်​ တစ်​ခု ဖြစ်​တာမို့ Kyung Soo အတွက်​ မျက်​စိ ရှက်​စရာ ​တွေကြီးပင်​...​သောက်​စား ​နေကြတဲ့ သူ​တွေဟာ မိန်းမ ငယ်​​လေး​တွေနဲ့ ပလူး ပလဲ နေကြပုံ​တွေက Kyung Soo မျက်​စိ ထဲ မှာ​တော့ ကြည့်​မရ ဖြစ်​လာခဲ့သည်

ဂူ အမတ်​ကြီး ဆီကို သူဝင်​ခဲ့​တော့ အမတ်​ကြီးက သူ့ကို ပြုံးကာ ​စေ့​စေ့ စပ်​စပ်​ ကြည့်​​နေပုံက ​ကြောက်​စရာ ​ကောင်းလှသည်​.............

သူ့ အဖြစ်​က သား​ကောင်​ကို ကြည့်​နေတဲ့ မုဆိုး တစ်​ဉီး ရဲ့ အကြည့်​ မျိုး နဲ့ပင်

တိတ်​ဆိတ်​​နေတဲ့ ပတ်​၀န်း ကျင်​ကို Kyung Soo ကဘဲ စတင်​ ဖြိုခွဲကာ

~ ကျွန်​​တော်​ကို ​ခေါ်တယ်​ ဆိုလို့ ​ရောက်​လာ ခဲ့ပါပြီ ဘာများ အမိန့်​ ရှိချင်​သလဲအမတ်​ကြီး

Kyung Soo တရို တ​သေ ​ပြောလိုက်​​တော့ အမတ်​ကြီးက ပြုံးကာ

~ မင်းက ဉာဏ်​ပညာ မှာလည်း ထက်​မြတ်​သလို ရို​သေ မှု့လည်း ရှိတာကိုး မင်းလို အဆင့်​ အတန်း မျိုးက အ​စေခံ တန်းလျား မှာ ရှိမ​နေသင့်ဘူး  မင်းရှိ​နေရမယ့်​ ​နေရာ က ငါ့ရဲ့ ခုတင်​​ပေါ်မှာဘဲ

ဂူ အမတ်​ကြီးရဲ့ စကား​ကြောင့်​ Kyung Soo ကိုယ်​​လေး တုန်​သွားရသည်​  မဖြစ်​ဘူး သူ အခု ချိန်​မှာ သူ့ဘ၀ ပျက်​လို့ မဖြစ်​​သေးဘူး သူ လုပ်​စရာ​တွေ ရစရာ အ​ကြွေး​တွေရှိ​သေးတယ်​ မလား

ဒါ​ကြောင့်​ ဘဲ သူ ဂူ အမတ်​ကြီး ရဲ့ စကား ကို အလိမ္မာနည်း သုံးကာ

~ ကျွန်​​တော်​ က အရှင့်​ အလို ကျ အရှင့်​ ​ဘေးမှာ ​နေ​ပေး နိုင်​ပါတယ်​ ဒါ​ပေမယ့်​ တစ်​ခု​တော့ ရှိတယ်​ ကျွန်​​တော့်​ ခမည်း​တော်​ အသတ်​ခံတဲ့ ကိစ္စ ကို အ​သေ အချာ သိချင်​​သေး တာမို့ အဲ့ကိစ္စ ကို အရင်​စုံစမ်း ခွင့်​ ​ပေး​တော်​မူပါ

Kyung Soo ထပ်​မံ​ပြောလိုက်​​တော့ ဂူ အမတ်​ကြီးက သ​ဘော ကျသလို ပြုံးကာ  ထိုင်​​နေရာ က​နေ ထလာရင်း သူ့ ကိုယ်​​သေး​သေး​လေးကို ဆွဲဖက်​လိုက်​သည်​ Kyung Soo ရုန်းချင်​​ပေမယ့်​ မရုန်း ဘဲ ငြိမ်​​နေကာ

Love Me Like You DoWhere stories live. Discover now