အချစ်ရဲ့ကျေးကျွန် (ep.5)

3.1K 247 18
                                    

ကျွန်တော်ဆက်ပြီး သည်းခံလိုက်ပါ့မယ် p'ရယ် ကျွန်တော့ကို ဘယ်လိုပဲ ရက်စက်ရက်စက် p'က ိုကျွန်တော်မမုန်းရက်ဘူး ကျွန်တော့အပေါ်အနိုင်ယူပါ ကျွန်တော့ဘဝကို ကြိုက်သလို ထိန်းချုပ်နိုင်ပါတယ် ကျွန်တော် ကျေကျေနပ်နပ်ကြီး လက်ခံပါ့မယ် p'ရယ်

~~~~slave of love ~~~~

တစ်ဖက်တွင်တော့ သူငယ်ချင်း၂ယောက်က သူတို့သူငယ်ချင်း ရောက်မလေး၍ စိတ်ပူနေကြသည်

"ဟိတ်ကောင် "Ai kit" ဘယ်နှနာရီရှိပြီလဲ "

" ၈နာရီထိုးပြီလေ ဘာလို့လဲ "

"yo လဲမလာသေးဘူး သူဘာများဖြစ်နေလဲမသိဘူး ဖုန်းဆက်ကြည့်လိုက်ရမလား ငါ"

" အေး ဆက်ကြည့်ပါလား မင်းပြောမှသတိရတာ အရင်ကဆို အစောကြီးရောက်နေကြပါ ဒီနေ့မှ ဘာလို့နောက်ကျနေလဲ မသိဘူး"

တီ ..တီ...တီ...

"ဖုန်းလဲမကိုင်ဘူးကွ ဆရာတောင်ဝင်လာပြီ "

"ထားလိုက်တော့ တော်ကြာဆရာမြင်ရင်ဆူနေမယ် "

"အေး..အေး."

Time skip ,

မနက်ပိုင်းအတန်းချိန်ပြီးတော့

"kit canteenသွားရအောင်"

" အေးသွားမယ်လေ လာ "

" ဟိတ်ကောင် yo ခုထိ မလာသေးဘူးနော်
P'Phaတို့က ိုသွားမေးရင် ကောင်းမလား"

" မေးမနေနဲ့ သူတို့တောင် ခုနမှ ရောက်တာ ငါ
တွေ့လိုက်တယ်"

ထိုအချိန်taxi တစ်စီးဝင်လာပြီး

" ဟော ဟိုမှာ လာပါပြီ ငါတို့yoလေး 😍😍"

"kit သူမျက်နှာလဲ မကောင်းဘူး နေများမကောင်းဘူးလား မသိဘူး"

" အေးကွ ဒီနားရောက်မှ မေးရမယ် "Ai yo" ငါတို့ဒီမှာ "

Yoက လက်လှမ်းပြပြီး

" ဒီကိုလာ မြန်မြန် "

"အင်း ဘာပြောမလို့လဲ "

Yo ဝင်ထိုင်ထိုင်ချင်းပင် kit က လက်ကို လှမ်းရိုက်တော့

" ဟင် ဘာဖြစ်တာလဲ yo!!!"

" ဘာမှမဖြစ်ပါဘူးကွာ kit ရိုက်လိုက်တာကိုးကွ "

" ဟျောင့် ငါခု ရိုက်လိုက်တာ ဖြည်းဖြည်းလေး အသံတောင် မမြည်ဘူး ဘာဖြစ်တာလဲ ငါတို့က အရင်းနှီးဆုံး သူငယ်ချင်းတွေနော် မင်းဘာဖြစ်နေတယ် ဆိုတာ မျက်နှာကြည့်ပြီး သိတယ်ပြောပြ ဘာဖြစ်လာတာလဲ "

အချစ်ရဲ့ကျေးကျွန် Uni+Zaw(Complete)Where stories live. Discover now