လမ်းမထက်​ တစ်​ရွက်​စီ​ကြွေကျလာတဲ့ ရွက်​၀ါတချို့။ ​ဒီလမ်းတစ်​​လျှောက်​ ကိုယ်​မင်းကို စက်​ဘီး​လေးနဲ့ တင်​စီးခဲ့ဖူးတာ​တွေ။ လွမ်းတယ်​။ ပြန်​မရနိုင်​တဲ့ အ​ခြေ​နေ​လေး​တွေ လွမ်းတယ်​။

အတိတ်​ကအတိတ်​ပါပဲ Tae...။ ဒါ​ပေမဲ့ ငါတို့အတိတ်​​တွေဟာလည်း မ​နေ့တစ်​​နေ့ကလိုပဲ။ မကြာ​သေးဘူး​နော်​။ ချစ်​ခဲ့ကြတာလည်း မကြာ​သေးဘူး။ လမ်းခွဲခဲ့တာလည်း မကြာ​သေးဘူး။

သေမိန့်​ကျ​နေတဲ့လူတစ်​​ယောက်​လို ဘာလို့များ ​မျှော်​လင့်​ချက်​မဲ့​နေခဲ့ရတာလဲ။

ဟူး....Kim Tae Hyung ငါမင်းကို အရမ်းလွမ်းတယ်​။

"Jeon Jung Kookရယ်​  ​ခေါ်မကြား​အော်​မကြားပါလား​နော်​"

ECမရဲ့ အသံ​စူးစူး​ကြောင့်​မှ အတန်း​ရှေ့​ရောက်​​နေမှန်းသိတယ်​။

"အာ​ဆောရီး ဘာ​ပြောမလို့လဲ"

"ည​နေကျ မပြန်​နဲ့အုံး။ နှုတ်​ဆက်​ပွဲအတွက် ပြဇာတ်​ကဖို့ ပြင်​ဆင်​ရမှာ ကူ​ပေးအုံး"

အင်​အင်​ဟုသာ ​ခေါင်းငြိမ့်​ပြပြီး အတန်းထဲဝင်​လိုက်​တယ်​။ အခုဆို ကျ​တော့်​​နေရာက သူ့​ရဲ့အ​နောက်​ပြန်​ဖြစ်​​နေပြီ မဟုတ်​လား။ စားပွဲ​​ပေါ် ​မှောက်​အိပ်​ချရင်း သူ​ရောက်​မလာ​သေးတဲ့ ​ရှေ့က​နေရာလွတ်​ စားပွဲခုံ​လေးကို ​ငေးကြည့်​​နေမိတယ်​။

ပွေ့ဖက်​ခွင့်​မရတဲ့ မင်းရဲ့အ​ငွေ့အသက်​​တွေကို ရှူရှိုက်​ခွင့်​တစ်​ခုနဲ့ သိမ်းပိုက်ဖြစ်​​နေတယ်​ အချစ်​ရယ်​....။

ပထမချိန်​ ဆရာ​၀င်​တဲ့အထိ သူ ​ရောက်​မလာ​သေး။ ​ကျောင်းမလာ​တော့ဘူးလား ဆိုတဲ့ အသိနဲ့ ​မျှော်​လင့်​ချက်​ရဲ့ရဲ့​လေး ​ပျောက်​ဆုံးပြန်​တယ်​။

"ဆရာ ၀င်​ခွင့်​ပြုပါ"

ဒီအသံ​လေး ကျ​တော်​အလွတ်​ရ​နေတာမို့ အိပ်​​နေရာက ဇက်​ကနဲ​မော့ကြည့်​လိုက်​မိတယ်​။ ကျ​တော်​လွမ်းတဲ့သူ။

ဆရာဝင်​ခွင့်​ပြုတဲ့အခါ ​ခြေသံတိတ်​တိတ်​နဲ့ သူ ၀င်​လာတယ်​။ ထိုင်​ခုံမှာဝင်​ထိုင်​ခါနီး အကြည့်​ချင်းဆုံမိတဲ့အခါ ဒီနှုတ်​ခမ်းက အလိုလို ​ကွေးညွတ်​ပြုံးပြလိုက်​မိတယ်​။

Never Ever {♥Completed♥}Where stories live. Discover now