လေဒီရှူး-4

Começar do início
                                    

ဝသုန်မာန်တင်းနေပါတယ်
ဘယ်လို ကောင်လေးလဲမသိ!!!????
သူ့လည်း လိုက်ပို့ပေးရသေးတယ်
အခုထိ စွာတာတာနဲ့...

ဝသုန်ကသာ တင်းနေတာ
ဟိုကောင်လေးက သူ မပြောတဲ့အတိုင်း ကြည်ကြည်လင်လင်နဲ့...
ဓာတ်လှေကားရဲ့ကြမ်းပြင်ကိုတောင် ခြေထောက်နဲ့ စည်းချက်မှန်အောင်ဆောင့်ရင်း ဆော့နေသေးတယ်

ဘယ်လိုပါလိမ့်...!
ခုဏပြောတာတွေကို ဘာမှ စိတ်ထဲမထားဘူးထင်တယ်

1ထပ်...
ခပ်ဝိုင်းဝိုင်း မျက်လုံးလေးတွေက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း နှဖူးရှေ့ကအမဲရောင်ဆံပင်ဝဲဝဲလေးကို
လေမှုတ်နေတယ်

2ထပ်
တခါတလေ နှုတ်ခမ်းနှစ်ခုကို ဖိကိုက်လို့

3ထပ်
လွယ်ထားတဲ့လွယ်အိပ်အပြာလေးကို နောက်ကျောကနေဖြုတ်...ရင်မှာပြောင်းပိုက်ပြီး စောင့်ရတာကြာသလို ခြေဖျားလေးတထောက်ထောက်...

4ထပ်
ပါးဖောင်းထောင်းလေးတွေက လေမှုတ်နေလို့လားမသိ
ပါးပြင်လေးက နီရဲရဲလေး

ဒါ...ယောကျာ်းလေးလားဟင်
ဝသုန်မာန်ရေ မင်းဘာဖြစ်နေတာလဲ!!???
ယောကျာ်းလေးပါဆို...

5ထပ်
ယောကျာ်းလေးက ဒီလောက်ချောပါ့မလား
ကိုယ်လဲ uniမှာ 1st year to final kingပါ
ဒါပေမယ့်လည်း ဒီကောင်လေးလိုမဟုတ်

မျက်နှာလေးက မိန်းမဆန်တယ်လို့လည်း မဟုတ်ပေမယ့်...
ယောကျာ်းလေးတွေထက်တော့ အတော် ချစ်ဖို့ကောင်းတာအမှန်

ဒါမျိုးကို မိန်းမချော,ချောတယ်လို့ ခေါ်တာလား...
ဘာပဲဖြစ်ဖြစ် သာမာန်မိန်းကလေးနဲ့ယှဉ်ကြည့်ရင် အတော်ချောတာတော့အမှန်

အာ...ငါ ဘာတွေတွေးနေမိပါလိမ့်!

6ထပ်
ဆက်မကြည့်နဲ့တော့ ဝသုန်မာန်ရေ... မင်း... ယောကျာ်းလေးချင်းပါ ဒီလောက်ကြည့်ရလားဆိုပြီး နှာဘူးဘွဲ့ပါရမယ်

7ထပ်
ဆက်မကြည့်...ဟင်... ဘာဖြစ်...

ဓာတ်လှေကား တခုလုံးမှောင်ကျသွားတယ်
ဘာဖြစ်တာလဲ!

ဓာတ်လှေကားမီးပျက်တာလား?

ဝသုန်မာန် အိပ်ကပ်ထဲက ဖုန်းနှိုက်ပြီးမီးဖွင့်လိုက်တယ်
ဓာတ်လှေကားရဲ့ခလုတ်တွေလည်း မီးလင်းမနေတော့...

လေဒီရှူး-(yaoi story)Onde as histórias ganham vida. Descobre agora