"Oh Se~?!"
ကိုယ့်ထံက အယောင်ဆောင်မေးသံကို စာအုပ်ဆိုင်ဧ။် အတွင်းကျကျထိုင်ခုံ၌ ထိုင်နေသည့် Oh Seဟာ မော့ကြည့်လာသည်။
အံ့သြသွားသည့်အကြည့်မဟုတ်သော ထူးဆန်းနေပုံရ သည့် Oh Seဟာ အတွေးထဲမှာ ကိုယ့် အား ညံ့ဖျင်းသော နှစ်အထပ်ထပ်ကျ ကျောင်းသားအဖြစ် သာ မြင်နေပုံပင်။
"သြော်…hyung "
ကိုယ်အသာပြုံးပြသော်လည်း ဆိုင်ဝင်ပေါက်သို့ 
လှမ်းကြည့်လိုက်သည့် ကလေးနှယ် ။တစ်ခါတစ်လေတော့ကိုယ်စကားပြောနေရင် အာရုံစိုက်တတ်အောင်သင်ပေးချင်မိသား။
"တစ်ယောက်ယောက်ကိုစောင့်နေတာလား?"
ကိုယ့်မေးခွန်းဟာ Oh Se သတိထားမိရအောင်
မကျေနပ်သံအပြည့်လွှမ်းသော်လည်း ဂရုမစိုက်တတ် သည့် ကလေးငယ်ဟာ လက်ပတ်နာရီအနက်ကို
ငုံ့ ကြည့်နေပြန်သေးသည်။"7:00နာရီတောင်ခွဲပြီပဲ။မိုးကလည်းရွာနေတုန်း
ပဲထင်တယ်…"Oh Se ရဲ့ လက်ကနာရီကို ကိုယ်သဘောမကျဘူး။ ကလေးလက်မှာ ပိုင်စိုးပိုင်နင်း ရစ်ပတ်နေသည်
လေ …။"ကိုယ်ဝယ်ရမယ့်စာအုပ်မရှိလို့  ကိုယ်ပြန်တော့မှာ။ တစ်ခါထဲလိုက်ခဲ့မလား။ "
"Hyung ကျွန်တော့်အိမ်ကိုသိလား။"
တစ်နေ့ တစ်ကြိမ်ထက်မနည်း ကိုယ်ရောက်ခဲ့သည့်
အရပ်ဒေသဖြစ်ကြောင်းတော့ နောက်မှပြောပြဦးမည်။" ကျောင်းဝင်စာရင်းမှာတွေ့ မိထားတာ …
ကိုယ့်အိမ်နဲ့ လည်းသုံးလမ်းကျော်ဆိုတော့~""သွားကြတာပေါ့ hyung …noona က ပြောပေး ထားမှာမဟုတ်ဘူး။ Message တောင်ပြန်မပို့  တော့……။
Noona …။ Noona…။
ဘာဖြစ်လို့  အရမ်းရင်းနှီးသလို ခေါ်ဆိုနေရသလဲ ကွာ~။
ကိုယ် အမှုန့် ချေပစ်ချင်အောင်လို့ ။
ဝင်ပေါက်တံခါးက စတင်ထွက်သွားသည့် Oh Se နောက်ကို ကိုယ်ဖြေးဖြေးပဲ လိုက်သွားခဲ့ သည်။
Oh Se သာလျှင် ကိုယ့်ရဲ့  ပထမ ။
"Oh Se~ခဏစောင့်ဦး။ ကိုယ် ကားသွားထုတ်
လိုက်ဦးမယ်။"
YOU ARE READING
The Killer-ChanHun||Zaw+Uni||
Horrorကိုယ့်အတွက် ... "အချစ်" နဲ့  "သတ်ဖြတ်မှု" ဆိုတာ... ပြဒါးတစ်လမ်း၊သံတစ်လမ်းပဲ။ ကိုယ့် သတ်ဖြတ်မှုတွေကြား... ပျော်ရွှင်နိုင်ပါစေ...အချစ် ။ ကိုယ့်အတွက် ... "အချစ်" နဲ့ "သတ်ဖြတ်မှု" ဆိုတာ... ပြဒါးတစ်လမ်း၊သံတစ်လမ...