"Hobi ငါ့ကို group ထဲက ထုတ်​​ပေး"

"ဘာလဲကွာ မင်းက Jung Kook ပါ​နေ​လို့လား"

Hobi အ​မေးကို ကျွန်​​တော်​ မျက်​နှာလွှဲလိုက်​သည်​။ ချစ်​ရတဲ့သူ မျက်​နှာကို
တွေ့ရမှာ မှန်​​ပေမယ့်​လည်း သူ သ​ဘောမကျမှာစိုး။ သူ့အတွက်​ အ​နှောက်​အယှက်​ ​မဖြစ်​​စေလို။

"ဒါက project သက်​သက်​ပဲ မင်းတို့ case ​တွေ ဆွဲမထည့်​နဲ့ ​ဟျောင့်​"

သက်​ပြင်းတစ်​ခုကို ခပ်​သာသာချရင်း
တောင်းပန်​ပါတယ်​ Jung Kook။ ငါက မင်းအတွက်​ဆို အမြဲတမ်း စိတ်​ပျက်​စရာ လူတစ်​​ယောက်​ ဖြစ်​​နေမိလို့။
အရင်​က သံ​ယောဇဉ်​​လေးကို ငဲ့ကွက်​ပြီး
ငါ့ကို လွမ်းခွင့်​​လေး​တော့ ​ပေးသနားပါကွာ...။

သူ​ကျောင်းမလာတာ ၁ပတ်​ပြည့်​ပြီ။
Tuto​တွေ လွှတ်​သွားခဲ့တာလည်း မနည်း​တော့။ မင်းအတွက်​ ဘ၀ဆိုတာ ရှိ​နေ​သေးလို့ ​ကျောင်းကို ပြန်​လာ​စေချင်​တယ်​။
ဆရာ​တောင်​ အတန်းထဲ​ရောက်​ပြီ။
ဒီ​နေ့လည်း သူလာ​တော့မယ်​ မထင်​ပါ။

"ဆရာဝင်​ခွင့်​ပြုပါ"

Suga အသံ​ကြောင့်​ တံခါးဆီ လှည့်​ကြည့်​လိုက်​​တော့ သူ....။
တခနတာ သူ့မျက်​၀န်းနှင့်​ အကြည့်​ချင်းဆုံပြန်​​တော့ နှုတ်​ခမ်းများဟာ တွန့်​​ကွေးသွားသလားလို့။ အကြည့်​တို့ကို မျက်​နှာလွှဲကာ စာအုပ်​​ပေါ်သာ အာရုံ​ပြောင်းလိုက်​သည်​။ သူ ကျွန်​​တော့်​ကို ​တွေ့ရင်​ ​နေရခက်​​နေမည်​ မဟုတ်​လား။
သူ့ကို ​နောက်​​ကျော်​​ပေးထိုင်​ဖို့ မလုံမလဲ ဖြစ်​တာ​ကြောင့်​ ​နေရာ​ပြောင်းထိုင်​ခဲ့သည်​။
အရင်​က ထို​င်​ခုံ​လေးမှာ တချိန်​က အ​ငွေ့အသက်​​တွေ စွဲထင်​​နေ​သေးသည်​မို့။

ဒီလိုနဲ့ ည​နေ စာကြည့်​တိုက်​မှာ ဆုံဖို့ ​ပြောထား​တော့ ကျွန်​​တော်​ ​စော​စောသွားလိုက်​သည်​။ စာကြည့်​တိုက်​မှာ ECနှင့်​Bibi နှစ်​​ယောက်​ထဲ သာရှိ​နေ​သေးသည်​။ ကျွန်​​တော်​​ရောက်​ပြီး သိပ်​မကြာမှ Hobi နဲ့ Suga ​ရောက်​လာသည်​။ ​မျှော်​​နေသူက အခုထိ ​ရောက်​မလာ​သေး။ ဟူး....ကျွန်​​တော်​ပါ​တာများ သိသွားလို့လား။

Never Ever {♥Completed♥}Where stories live. Discover now