အပိုင်း (၆ )

6.6K 768 80
                                    

~ ကျစ် ငါပြန်တော့မယ်

Canteen မှာ ဘယ်လို မှ ဆက်ထိုင်လို့ မရတော့ စိတ်တကယ် ကို တစ်မျိုးကြီး

ကားသော့ ကိုင်ကာ ထရပ်တော့ သူ့ သူငယ်ချင်းတွေက သူ့ကို ထူးဆန်း သလို ကြည့်ရင်း

~ဘယ်တုန်းက မင်းဒီချိန် ပြန်ဖူးလို့လဲ ဒီလောက် အစောကြီး

~ အရင် တုန်းက မပြန်ဘူးပေမယ့် အခုပြန်တယ်

သူပြောကာ ထွက်လာခဲ့သည် စိတ်ထဲလည်း တကယ် ငြီးစိစိ ခေါင်းက ဆံပင်တွေ ကို ထိုးဖွ ကာ ကားပေါ်တက်ပြီး ကားမောင်းကာ ပြန်လာခဲ့သည်

~~~~~~~******~~~~~

ဖြစ်ရဲ့လားKyung Soo လေးရယ် အခု အပြန်လည်း လာတုန်းကလို Taxi နဲ့ ပြန်ရအောင်လေ

~ ဟင့်အင်း ၂ လမ်းကျော် ဘဲကို ကျွန်တော်လျောက်နိုင်ပါတယ်

ဖြူဖျော့ဖျော့ နှုတ်ခမ်း အစုံက ထွက်လာတဲ့ စကား သံက ခပ်တိုးတိုး အားမရှိတော့ မျက်နှာလေးက ချောင်ကျကာ မျက်ကွင်းတွေ ညိုနေတာတောင် ဖြူစင် နေတဲ့ မျက်နှာလေး က အထင်းသား

~ တကယ် ဖြစ်ပါတယ် ဦးလေး ရဲ့ ကျွန်တော် ဒီလောက်တော့ အားရှိပါတယ်

သူ့လက်မောင်း သေးသေး လေးကို ညှစ်ပြပုံက တကယ် အားမရ နိုင်စွာ သူ ဒီကောင်လေး ကို ကြည့်ပြီးသနား မိတာလည်း အကြိမ်ကြိမ် အိမ်ကြီး အကြောင်း စပ်စုခွင့်မရှိသည့်သူက အကိုလေး ဒီကောင်လေး ကို ခိုးလာတယ် ဆိုတာ ကလွဲပြီး ဘာမှ မသိ အကိုလေးက ကောင်လေး ကို မချစ်ဘဲ ကောင်လေး က တော့ အကိုလေး ကို အတော် ချစ်တာ ကိုတော့ သူသိသည်

သူ ကောင်လေး လက်ကို သေချာ တွဲပေးရင်း ဖြည်းဖြည်းချင်း လမ်းလျောက်ကာပြန်လာခဲ့ သည်

~~~~~~||*****~~~~~~

Jongin အိမ်ကိုပြန်နေတဲ့ လမ်း သူတို့ လမ်းထိပ်ရောက်ခါနီး မြင်လိုက်ရတဲ့ ခပ်ဝေးဝေး က အရိပ်လေး နှစ်ခုကြောင့် ကားကို အရှိန်လျော့ လိုက်သည်

~အိမ်တော်ထိန်းနဲ့ Do Kyung Soo

ပါးစပ်ကနေ ဖွဖွ ရွတ်မိပြီး ကားကို လမ်းဘေး ထိုးရပ်ကာ မှန်ကို ချလိုက် သည်

Slave ( Z+U)Where stories live. Discover now