အပိုင်း ၁

14.6K 809 27
                                    

SLAVE

    ကျွန်တော် ဟာ သူ့ ခြေဖဝါးတော်အောက် ခစားနေတဲ့ အချစ်ရဲ့ ကျေးကျွန်တစ်ယောက်

~~~~~~အပိုင်း ၁ ~~~~~~~~~

~ Kim Kyung Soo မင်း ငါ့ကို ဘယ်နေ့ ကွာရှင်းစာချုပ်မှာ လတ်မှတ်ထိုးပေး မှာလဲ

Kim စံအိမ်တော်ရဲ့ ကျယ်ပြန့် လှတဲ့ ခြံကြီးထဲက လှပလွန်းတဲ့ စံအိမ်တော်ကြီး ထဲ အိမ်ရဲ့ သခင်လေး ဖြစ်တဲ့ Kim Ĵongin ဆိုသူက သု့ ပေါင်ပေါ် မှာ တက်ထိုင်ကာ အီစီ ကလီ လုပ်နေတဲ့ ကောင်မလေး ရဲ့ ပါးပြင် တွေကိုလိမ်  ဆွဲရင်း မေးလိုက် ခြင်းပင်

အိမ်ကြီးထဲ အကျဉ်းတန် လှသော ထိုမြင်ကွင်းကို မြင်ရမှာ စိုးသည့် အလား မျက်လုံး အစုံ ကို အောက်ချကာ ဝိုင်ပုလင်း ကို ဗန်းလှလှ လေးထဲ ထည့်ကာ ကိုင် လာသော ကောင်လေးကား ထို အသံ ကိုလည်း ကြားရော လက်တွေရော ဒူးတွေရော တုန်လာကာ မျက်ရည်တွေက ရစ်သီ လာရသည်

သူ့ရှေ့မှာပင် သူ မဟုတ်သည့် တခြား သူ တစ်ယောက်နဲ့ ကျီစား နေသည့် ထိုလူသားကား သူ သိပ်ချစ်ရသော သူ သိပ်မြတ်နိုး ရသော သူရဲ့ ယောကျာင်္း ပင်

အိမ်ရှေ့ခန်းမှာ  ထိုင်ကာ အချစ် တိုက်ပွဲ လုပ်နေကြသည့် ထို နှစ်ယောက်ကြောင့် Kyung Soo က ဝိုင်ထည့်ရင်း မျက်ရည် တွေ ကျလာ ရသည် သူ့ရှေ့က ကောင်လေး ကတော့ သူ မျက်ရည် ကျနေတာ ကို မြင်တော့ အကျေနပ်ကြီး ကျေနပ်ကာ  ပြုံးနေလေသည်

~ ဒါလုပ်ပြီးရင် ငါတို့ နေ့လည်စာစားဖို့ ပြင်ထားတော့

Kyung Soo ကို ပေးလိုက်သော အမိန့် သံကြောင့် Kyung Soo ခေါင်းအသာ ငြိမ့်ကာ သူ လုပ်လက်စ အလုပ် ကို လက်စ သတ်လိုက်သည်

တကယ်တော့ Kyung Soo ဆိုသူက အိမ်ရဲ့ ကျေးကျွန်လည်း မဟုတ်သလို အခိုင်း အစေ လည်း မဟုတ် ဘာဆို ဘာမှ မချမ်းသာပေမယ့် အရင်က  စိဝ်ချမ်းသာ ခဲ့ရသည့်  သူက အေးဆေးသည့် မိဘ နှစ်ပါး မှ မွေးဖွား လာသူပင် ဘ၀ ကို ရိုးရှင်းစွာ ဖြတ်သန်း ရင်း ပညာ ကို ကြိုးစား ကာ သင်ယူ ခဲ့သောကြောင့် သူက တခြား နေရာ မှာ မာန်မာ န မထားနိုင်ပေမယ့် ပညာ အရာ မှာတော့ မာန ထားနိုင်ခဲ့သည် သူ့ ကြိုးစား မှု့ကြောင့် စာမေးပွဲတွေမှာ ထူးချွန်စွာ အောင်ခဲ့သည့် သူက တကယ့် ကို ကိုရီးယားရဲ့ ထိပ်တန်း တက္ကသိုလ် ဖြစ်တဲ့ ဆေးကျောင်းမှာ တက်ရင်း ဆရာ ၀န်ဖြစ်ဖို့ ကြိုးစား နေခဲ့တာပင်

Slave ( Z+U)Where stories live. Discover now