"ဘာလဲ"

"ခုနက မင်းကို Jung Kook လာရှာသွားတယ်​ ဘာ​ပြောမလို့လဲ မသိဘူး"

Jung Kook ဟု ကြားလိုက်​​တော့ အ​မော​တွေ​ပြေသွားခဲ့သလိုပင်​။ သူ​ပြောမည့်​ စကားကို ရင်​ခုန်​ရမည်​​လော ​ကြောက်​လန့်​ရမည်​​လော။ မသိ​တော့ပါ။
အရင်​ကထက်​လျင်​​သော ​ခြေလှမ်းတိုင်းဖြင့်​ သူရှိနိုင်​မည့်​ ​နေရာ​လေးသို့။
ငါတို့ ပြန်​နီးစပ်​နိုင်​ပြီလား......။

ကျောင်းဝန်းရဲ့ မြတ်​ခင်​ပြင်​စိမ်းစိမ်း​ပေါ်
ရပ်​​​နေသည့်​ သူ့​ကျောပြင်​ကြီးကို အ​ဝေးကပင်​ ​ပြေးလွှားဖက်​ထားချင်​မိသည်​။

"Jung Kook"

အ​မောဆို့​နေ​သော အသံများက ကတုန်​ကရီ။
အနည်းငယ်​ကြာမှ လှည့်​ကြည့်​လာသည့်​ သူ့မျက်​၀န်းဟာ သူစိမ်းဆန်​​နေ​သေးလို့။

"ငါ့ကို လာရှာတာလား"

"ဟက်​....ဘယ်​သူ​ပြောလဲ"

ဟင်​......အရင်​ကထက်​ပင်​ ခပ်​ထန်​ထန်​​ပြောလာ​သော သူ့စကားသံ​နောက်​ ကျွန်​​တော်​ စကားသံ​တွေပင်​ တိတ်​ဆိတ်​​နေခဲ့သည်​။

"ငါ့ကို တစ်​ခုခု​ပြောစရာရှိလို့လား"

မျှော်​လင့်​ခဲ့သည်​.....။ သူ့နှုတ်​ဖျားမှ ထွက်​ဆိုလာမည့်​ ​တောင်းပန်​စကား.....မဟုတ်​ဘူး ​နောက်​တစ်​ဖန်​ ​တောင်းဆိုလာမည့်​ ချစ်​ခြင်းစကားသံ။

"​အေ....ဟုတ်​တယ်​"

ထွက်​ကျလာမည့်​ သူ့စကားသံရဲ့ အ​ဖြေကို ​စောင့်​ဆိုင်း​နေစဉ်​မှာ ရင်​ခွင်​ထဲ ဗုံးကျဲ​နေပြီ။
ကျွန်​​တော့်​အနီးသို့ တိုးကပ်​လာကာ မျက်​၀န်းချင်းဆုံကာ ကြည့်​​တော့ အရည်​လဲ့လဲ့ သူ့မျက်​၀န်းဟာ နက်​ရှိုင်းလွန်းလှသည်​။

"ငါတို့ လမ်းခွဲရ​အောင်​"

"ဘာ!!!"

မထင်​မှတ်​ထားခဲ့​သော မ​မျှော်​လင့်​ခဲ့​သော
ရက်​စက်​လွန်းလှသည့်​ သူ့​လေသံ ခပ်​​အေး​အေး။
သူစိမ်းဆန်​လွန်း​သော အကြည့်​စူးစူးနှင့်​ သူ့မျက်​နှာမှာ အရင်​က ကြင်​နာမှုဆိုတာ ​ဝေးစွ။

Never Ever {♥Completed♥}Where stories live. Discover now