28-ကျွန်တော်ချစ်တဲ့~~သူ~~

Start from the beginning
                                    

မျက်ရည်များစီးကျလာကာ အော်ဟစ်နေသော chanyeolကြောင့်
baekhyunနှလုံးသားတစ်ခုလုံး ဆွဲစုတ်ထားသလို နာကျင်နေရသည် ။

"ငါ့ကို အဲ့လောက်တောင်မုန်းတာလား??"

"မုန်းတယ်... မင်းမျက်နှာကိုမမြင်ချင်
လောက်အောင်မုန်းတယ်"

"ထားခဲ့ခံရတာငါပါchanyeolရယ်... ဒါကိုမင်းကငါ့ကို... ဟင့်... ငါလည်းအပြစ်မလုပ်မိပဲနဲ့ငါ့ကိုဘာလို့??
အရင်ကတည်းက မင်းမျက်နှာတစ်ခု
တည်းကိုပဲကြည့်ပြီးနေလာခဲ့တဲ့ငါ့ကို
ဘာလို့???"

baekhyunပြောရင်းမျက်ရည်များ စီးကျ
လာကာ ရှိုက်သံများပင်ထွက်လာသည် ။

"မုန်းပါchanyeol!!! ငါ့ကိုဆက်မုန်း...
ဒါပေမယ့် မင်းကြောင့်မရှိတော့တဲ့ငါ့မာန
တွေကို ခဝါချပြီးပြောလိုက်မယ်... ငါမင်းကိုချစ်နေတုန်းပဲ yeol!! ငါ... ငါအခုကစပြီး.. တစ်ကိုယ်ကောင်းဆန်
တော့မှာ"

မျက်ရည်တို့ကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်း
ဆွဲသုတ်လိုက်ပြီး baekhyunလှည့်ထွက်
လာတော့ ဒေါသတကြီးထွက်လာသည့်
chanyeolအသံ...

"ငါမင်းကို လုံးဝလက်မထပ်နိုင်ဘူး" တဲ့

ရက်စက်တယ် yeol!! မင်းတစ်ကိုယ်
ကောင်းဆန်လွန်းတယ်... အရင်ကတည်း
ကရော အခုရော မင်းငါ့ဘက်ကိုလှည့်
မကြည့်ပေးဘူး...

အရင်တုန်းကလည်း မင်းတစ်ခုခုကြောင့်
စိတ်တိုလာတိုင်း ငါ့အပေါ်ဒေါသတွေပုံ
ချတယ်... ရင့်ရင့်သီးသီးစကားတွေနဲ့
ငါ့ကိုနာကျင်စေတယ်... ဒါပေမယ့် အမြဲတမ်း မင်းအတွက်ငါရှေတန်းတင်ပေးခဲ့တယ်... ဒါတောင်..
မင်းကငါ့ကို...

မုန်းချင်လိုက်တာ yeolရာ!!

~~~~~

စိတ်ပျက်လက်ပျက်နှင့် အခန်းတံခါးကို
အသာတွန်းဖွင့်လိုက်တော့ ကုတင်ပေါ်
ခေါင်းငိုက်စိုက်ချထိုင်နေသည့် yi fan,
chanyeolရှေ့တည့်တည့်ဆီ ပြေးလာကာ
chanyeolညာလက်ကို လက်နှစ်ဖက်ဖြင့်
ဆုပ်ကိုင်လာသည် ။

yi fanသည်လည်း chanyeolနည်းတူ
မျက်လုံးတစ်စုံလည်းနီရဲလျက် ပါးပြင်ပေါ်က မခြောက်သေးသော
မျက်ရည်စီးကြောင်းကလည်း စီးကျနေဆဲ
...

" ~~The One~~ I Love "《✔Completed》Where stories live. Discover now