27-ကျွန်တော်ချစ်တဲ့~~သူ~~

Beginne am Anfang
                                    

"အာ!! မကျွမ်းပါဘူးဗျာ အန်ကယ်ကလည်း!! ကျွန်တော်ကံ
ကောင်းသွားလို့ပါ"

chan yeolခေါင်းငုံ့ရင်း ငြိမ်သက်စွာ
ထိုင်နေမိသည် ။ ဘယ်လိုပဲ ဦးရဲ့မိသားစုဝင်ပြောပြော သူက မယားပါသားမဟုတ်လား?? ပြီးတော့
ဦးက သူကျောင်းကောင်းကောင်းကနေ
ဘွဲ့ရနိုင်ဖို့ ထောက်ပံ့ပေးခဲ့သည့် ကျေး
ဇူးရှင်...

"ဟို!! အန်ကယ် chan yeolကို
ပြောစရာရှိတယ်ဆို!!"

chan yeolပုံစံကို သတိထားမိသွား
သော baek hyunက ကစားနေရာမှ
ရပ်ကာပြောလိုက်တော့ ဦးက chan
yeolကို ကြည့်လိုက်ရင်း...

~~~~~

"yi fanသား!! နည်းနည်းလောက်
ဖယ်ပေးပါလား?? အန်တီအထဲဝင်မ
လို့"

မိမိအိမ်ကို ဧည့်သည်ရောက်နေကြောင်း
ထိုဧည့်သည်က ဘယ်လိုချစ်ဖို့ကောင်း
ကြောင်း ယောကျာ်းလေးတန်မဲ့ လှရက်
လွန်းကြောင်းဖောက်သည်ချနေသည့်
အိမ်အကူကောင်မလေးနှစ်ယောက်၏
စကားကို တစွန်းတစကြားရာမှ yi
fanမေးကြည့်လိုက်ရာ သူ့pa pa
ဧည့်သည်ဆိုသောကြောင့် စိတ်ထဲထင့်
သွားရသည် ။

ထိုဧည့်သည်က byun baek hyun
တစ်ယောက်တည်းသာဖြစ်နိုင်တာမို့...
byun baek hyunက chan yeol
အရင်ချစ်သူမှန်း သူသိထားတာမို့ စိတ်
မချဖြစ်သွားရသည် ။

မနေ့ကလည်း baek hyunမြင်အောင်
chan yeolကသူ့အပိုင်ဖြစ်ကြောင်း
သေချာပြပေးခဲ့တာ... အခုလည်း pa paက chan yeolအားသီးသန့်ခေါ်
တွေ့တာကြောင့် စိတ်မချဖြစ်ကာ အခန်းဝမှာ အထဲကစကားသံတွေ မကြားရပေမယ့်လည်း အသာလေးရပ်
နေမိရာမှ chan yeolမေမေကြောင့် ဘေးကိုအသာယို့ပေးလိုက်သည် ။

chan yeolမေမေက တံခါးလက်ကိုင်
ကို ကိုင်လိုက်ပြီးမှ သူ့ဘက်လှည့်လာ
တာမို့ ပြောစရာများရှိနေလေသလားဟု
တွေးကာyi fanရပ်နေမိသည် ။

chan yeolမေမေက သက်ပြင်းခပ်
လေးလေးကို ချလိုက်ပြီးမှ သူ့မျက်လုံး
တည့်တည့်ကို စိုက်ကြည့်လာတာမို့ yi fan မသိမသာလေး တံတွေးပင်မျိုချ မိသည် ။

"အန်တီသိတယ်သား"

"ဗျာ"

အဆုံးအစမရှိပြောချလိုက်သော စကား
ကြောင့် yi fanကြောင်အသွားရသည် ။

"အန်တီဘာကိုဆိုလို..."

"သားတို့နှစ်ယောက်ရဲ့ အကြောင်းကို
အန်တီသိတယ်"

"ဗျာ!!"

ရုတ်တရက်ပြောချလိုက်သော စကား
ကြောင့် yi fanလက်ဖျားတွေပင်
အေးစက်လာရသည် ။ သူကအမှား
လုပ်ထားသူမဟုတ်လား??

"အန်တီက အခုဆိုရင် သားမိသားစု
ဝင်ဖြစ်နေပြီဆိုတာ သားသိတယ်မလား
??"

yi fan အေးစက်နေသော လက်
အချင်းချင်းဆုပ်ကိုင်ထားမိသည် ။

"chan yeolကလည်း သားမိသားစု
ဝင်ဖြစ်နေပြီဆိုတာ သားသိပါတယ်နော်
"

သူခေါင်းငုံ့လိုက်မိသည် ။

"အန်တီဆိုလိုချင်တာကို သားနားလည်
တယ်မလား??"

"ဟို!! ကျွန်တော်..."

yi fanသက်ပြင်းချကာ အားတင်း
ရင်း chan yeolမေမေနှင့်မျက်လုံး
ချင်းစုံအောင် ကြည့်လိုက်သည် ။

"ကျွန်တော်..."

"chan yeolကို ချစ်တယ်"

yi fanစကားကြောင့် chan yeol
မေမေကပြုံးလိုက်ရင်း...

"အန်တီလည်း အန်တီ့သားကို ချစ်တဲ့
အတွက်ကြောင့် သူလူပုံအလယ်အရှက်
မရအောင်ကာကွယ်ပေးမှာပဲ... သား
လည်း chan yeolလေးကို ချစ်တယ်
မလား?? အန်တီဆိုလိုချင်တာကို သား
နားလည်မှာပါ"

yi fan ဝဲတက်လာသော မျက်ရည်
တို့ကို ဖုံးကွယ်ရန်အလို့ငှာခေါင်းငုံ့ချ
လိုက်သည် ။ chan yeolမေမေက
တံခါးလက်ကို လှည့်ပြီးခါမှ အခန်းထဲ
မဝင်သေးပဲ ရပ်နေရင်း

"သားတို့နှစ်ယောက်အကြောင်းကို သား
papaမသိသေးဘူး... ဒါပေမယ့် သား
တို့ဘက်က လမ်းမှားကို ဆက်လျှောက်
နေမယ်ဆိုရင် အန်တီအသိပေးရလိမ့်
မယ်"

အခန်းတံခါးချပ်လေးအသာပိတ်သွားပြီး
နောက် yi fanနေရာမှာတင် ခြေ
ထောက်အစုံတို့ ခွေလဲကျသွားရသည် ။

မျက်ရည်ပူတို့ကလည်း မျက်ဝန်းအိမ်ထဲ
မှ အဆက်မပြတ်လျှံထွက်လာတာ
ကြောင့် ပါးစပ်ကို လက်နှင့်အုပ်ကာ
ရှိုက်ငိုနေမိသည် ။

~
~
~

6:28 P.M

(6 August, 2017- Sunday)


" ~~The One~~ I Love "《✔Completed》Wo Geschichten leben. Entdecke jetzt