27-ကျွန်တော်ချစ်တဲ့~~သူ~~

Start from the beginning
                                    

yi fanက chan yeolအားကြည့်
လိုက်တော့ သူကခပ်တည်တည်ပင်...
coffeeတောင်အသောက်မပျက်...

သားနှစ်ယောက်မျက်နှာကို တစ်လှည့်စီ
လိုက်ကြည့်နေသည့် chan yeol
မေမေကတော့ သက်ပြင်းအသာချလိုက်
ရင်း...

"သား!! chan yeol"

"ဗျာ!!"

ခေါ်သံကြောင့် chan yeolမနက်စား
စားနေရာမှ သူ့မေမေကိုကြည့်လိုက်
သည် ။

"မင်းဖေဖေက မနက်စာစားပြီးရင် သူ့အလုပ်ခန်းထဲလာခဲ့ပါဦးတဲ့"

"ဟုတ်ကဲ့"

ဘာအကြောင်းကြောင့် နှစ်ယောက်တည်းတွေ့ရန် ခေါ်သည်မသိပေမယ့် chan yeol
ခေါင်းငြိမ့်လိုက်သည် ။

~~~~~

dok dok~~

ဦးcompanyအလုပ်တွေ လုပ်လေ့ရှိရာ
အလုပ်ခန်းတံခါးအား chan yeolအ
သာခေါက်လိုက်တော့ အထဲကဦးကအ
ကြောင်းပြန်လာသည် ။

"ဝင်ခဲ့သား"

အခန်းတံခါးအား အသာတွန်းဖွင့်လိုက်
စဉ် ရင်းနှီးနေကြရယ်သံသေးသေးလေး
က နားထဲဝင်လာတာမို့ အထဲကိုဝေ့
ကြည့်မိတော့ တစ်ယောက်ထိုင် ဆက်တီပေါ်ထိုင်နေသောဦးနှင့် ဘေး
ဆက်တီရှည်ပေါ်ထိုင်နေသော baek

chessထိုးရင်း အရမ်းရင်းနှီးနေသည့် ပုံစံရှိနေတာမို့ chan yeolစိတ်ထဲထင့်
သွားရသည် ။

"ပြောစရာရှိတယ်ဆိုလို့ ဦး"

baek hyunနှင့် မျက်နှာချင်းဆိုင်
ဆက်တီတွင် ဝင်ထိုင်ရင်းchan yeol
ပြောလိုက်တော့ baek hyunက
လှမ်းပြုံးပြတာမို့ အသိအမှတ်ပြုရုံ
ခေါင်းညိတ်ပြမိသည် ။

ဦးက baek hyunနှင့် ရယ်မောနေရင်းက သူ့အားရယ်သံ
နှောနှင့် စကားလှမ်းပြောလာသည် ။

"aww အေးအေး သား... ဟားဟား
သားကတော့ လုပ်ပြီကွာ... chess
ထိုးတာ ကျွမ်းလိုက်ချည်လားကွ"

chan yeolကို လှမ်းပြောရင်းမှ
ဦး၏ chessမြင်းရုပ်အား baek hyun၏ တပ်သားလေးက စားသွား
တော့ မကျေမနပ်လှမ်းပြောနေသော
ဦးကြောင့် chan yeolမှာ လူပိုတစ်
ယောက်လိုခံစားလာရသည် ။ သည်နေ
ရာမှာ သူရှိသင့်ရဲ့လားတောင် တွေးမိ
သည်အထိပင်...

" ~~The One~~ I Love "《✔Completed》Where stories live. Discover now