25-ကျွန်တော်ချစ်တဲ့~~သူ~~

Start from the beginning
                                    

"မနက်ဖြန်breakပြီးတာနဲ့ တူတူသွား
ကြတာပေါ့"

baek hyunစားပွဲပေါ်က fileတွဲ
အချို့ကို ကောက်ယူပိုက်လိုက်ရင်း

"ဒါဆို မနက်ဖြန်မှတွေ့မယ်yeol"

"ok baek!!"

baek hyunရုံးခန်းအပြင်ရောက်သည်
အထိ မျက်နှာပိုးကမသေနိုင်... သူသိပ်
ပျော်သည် ။ ဟိုတစ်ခါထက်စာလျှင်
yeolနှင့်စကားပြောရတာ ပိုအဆင်ပြေ
လာတာမို့ မကြာခင် ခင်ခင်မင်မင်ပြန်
နေနိုင်တော့မည် ထင်သည် ။

~~~~~

"aww!! baek hyun hyung
annyeong!!"

နှုတ်ဆက်သံကြောင့် baek hyun
လမ်းလျှောက်နေရာမှ ရပ်လိုက်သည် ။
ပြုံးလိုက်ရင်း...

"annyeong!! yi fan"

"chan yeol hyungရော!! အထဲ
မှာရှိလား hyung!!"

"အင်းရှိတယ်!!"

yi fanမျက်လုံးတို့က fileတွဲတွေ
ပိုက်ထားသည့် baek hyunလက်ဆီ
အကြည့်ရောက်သွားတော့ မျက်ဝန်း
တွေဟာ အံ့သြသည့် အရိပ်အယောင်
အချို့ဖြတ်ပြေးသွားသည် ။

"ဝင်သွားလိုက်လေ"

ကိုယ်ကိုဘေးအသာရို့ပေးရင်း ဆိုလာသော baek hyunကြောင့် yi fanအကြည့်လွှဲလိုက်ရင်း...

"ဒါဆို ခွင့်ပြုပါဦး"

baek hyunဘေးကနေ ဖြတ်လျှောက်
သွားသော yi fanမျက်လုံးတို့က
fileတွေပိုက်ထားသော လက်ဆီ
အကြည့်ရောက်သွားပြန်သည် ။

ခြေသံခပ်တိုးတိုးက အနားမှတဖြေးဖြေး
ရွေ့လျားသွားကာမှ yi fanပြန်လှည့်
ကြည့်လိုက်မိသည် ။

ဒိုင်ခွက်အပြာနဲ့ brandတူ နာရီ??

chan yeolမှာလည်းရှိတယ်

အတွေးနှင့်အတူ yi fanမျက်ခုံးနှစ်
ဖက်ဟာလည်း တဖြေးဖြေးတွန့်ကွေး
လာသည် ။

~~~~~

"chan yeol"

တံခါးကို အသာတွန်းဖွင့်ကာ yi fan
ရုံးခန်းထဲဝင်လိုက်တော့ ချစ်ရသူဟာ
စာရွက်အချို့ fileအချို့နဲ့ ရှုပ်ယှက်ခက်
နေတဲ့ စားပွဲပေါ်ခေါင်းတင်ကာ အိပ်
ပျော်နေသည်လေ...

အနားကို အသာတိုးကပ်သွားရင်း ငုံ့
ကြည့်လိုက်တော့ ခေါင်းစောင်းအိပ်နေ
တာမို့ ပါးလေးတစ်ဖက်ဟာပိပြားကာ
နှုတ်ခမ်းဖာင်းဖောင်းလေးက နဂိုထက်ပို
ဆူနေသည်မို့ သဘောကျစွာပြုံးမိသည် ။

" ~~The One~~ I Love "《✔Completed》Where stories live. Discover now