"Jung Kook!! Kim Tae Hyung စက်​ဘီး​မှောက်​လို့တဲ့"

"ဘာ!!!"

ကျ​တော့်​​ခြေလှမ်း​တွေ Tae Hyung ရှိရာကို အ​ပြေးလာမိပြီ။ မြင်​လိုက်​ရတဲ့ မြင်​ကွင်းက ရင်​တစ်​ခုလုံး ဆို့တက်​သွားတာပဲ။ ​ပြေးလာတဲ့ ကိုယ့်​​ခြေ​ထောက်​ကိုပဲ ရိုက်​ချိုးလိုက်​ရ အ​ကောင်းသား။ မ​နေ့တစ်​​နေ့ကမှ ​ပြောင်းလာတဲ့ ​ကျောင်းသူအသစ်​က Tae Hyungကို ​ဆေးထဲ့​ပေးရင်း ရွှမ်းရွှမ်း​ဝေ​အောင်​ ပြုံးရယ်​​နေကြတာ။ အဲ့မျက်​၀န်း​တွေ၊ အဲ့အပြုံး​တွေ....မုန်းတယ်​။ ကျ​တော်​ တစ်​​ယောက်​ထဲ ပိုင်​ဆိုင်​ရမယ့်​ အဲ့ဒီအကြည့်​​တွေက ဘာလို့ သူမဆီမှာ ရှိ​နေရတာလဲ။

ပြီး​တော့ ကျ​တော့်​ကို မြင်​ရက်​သားနဲ့ အဖတ်​မလုပ်​သလို မျက်​နှာလွှဲသွားတာ။ ဘာလဲ Kim Tae Hyungရယ်​...ဘာသ​ဘောလဲ။

အဲ့ဒီ​နေရာက​နေ တစ်​ချက်​မကြည့်​ပဲ ကျ​တော်​ လှည့်​ထွက်​လာခဲ့တယ်​။ အမြင်​အာရုံတစ်​ခုလုံးေ၀၀ါးလို့ ကျ​တော်​ ငိုမိတယ်​။ ဒါပထမဆုံး ငါ ကျတဲ့ မင်းအတွက်​ မျက်​ရည်​​တွေပါ Kim Tae Hyungရယ်​။

"​Jung Kook မင်း ဘာဖြစ်​​နေတာလဲ မင်းတို့နှစ်​​ယောက်​ ရန်​ဖြစ်​ထားတာလား"

Sugaအ​မေးကို ကျ​တော်​ ​ခေါင်းသာ ရမ်းပြလိုက်​တယ်​။

"​​အေးပါကွာ အခုတ​လော Tae Hyungက ​ကျောင်းသူအသစ်​နဲ့ တတွဲတွဲ​နော်​ သတိလည်းထားအုံး သူများ​နောက်​ ပါသွားအုံးမယ်​ ဟက်​ဟက်​"

Sugaက​တော့ စ​နောက်​သလို ​ပြော​နေ​ပေမဲ့ ကျ​တော့်​အတွက်​​တော့ အတည်​လိုပဲ။ တစ်​​နေ့ကျရင်​ သူ ကျ​တော့်​ကို ထားခဲ့မယ်​လို့ ခံစားရတယ်​။ သူ ကျ​တော့်​ကို တကယ်​ မချစ်​ဘူးလို့လည်း နားလည်​လာတယ်​။

"Jung Kook စကား ခန​ပြောရ​အောင်​"

တစ်​ခွန်းတည်း​ပြောပြီး ထွက်​သွားတဲ့ Tae Hyung​နောက်​ လိုက်​ခဲ့လိုက်​တယ်​။ အ၀တ်​လှဲခန်းထဲမှာ မျက်​နှာချင်းဆိုင်​မိ​တော့ အရင်​လို​လေး ​ပွေ့ဖက်​ထားချင်​မိတယ်​။ ဒါ​ပေမယ့်​ လက်​​တွေ့မှာ နှလုံးသားအလိုကို ကျ​တော်​ မလိုက်​ချင်​ဘူး။

Never Ever {♥Completed♥}Where stories live. Discover now