24-ကျွန်တော်ချစ်တဲ့~~သူ~~

Start from the beginning
                                    

baek hyunတံခါးကို တွန်းဖွင့်လိုက်
စဉ် သူ့ကျောပြင်ဟာ ခပ်နွေးနွေးရင်ခွင်
တစ်ခုအတွင်းသို့ ဆွဲသွင်းခြင်းခံရတာ
ကြောင့် ရုန်းလိုက်မိတော့ ဗိုက်ကို သွယ်ယှက်ကာ ဖက်ထားသည့် လက်
တို့ဟာ ပိုတင်းကြပ်လာသည် ။

"oh se hun!!"

"hyung!!"

baek hyunဟန့်လိုက်သော်လည်း
se hunခေါင်းလေးဟာ သူ့ပုခုံးပေါ်
မှေးတင်လာသည် ။

"ကျွန်တော် အစပြန်ဖော်တာမဟုတ်
ပါဘူး"

"……"

"hyungဘာကြောင့် ဝမ်းနည်းနေလဲ
ဆိုတာ မသိပေမယ့်… hyungစိတ်ညစ်
နေတဲ့ အချိန်တိုင်း နာကျင်နေတဲ့ အ
ချိန်တိုင်း ကြိတ်မခံစားနေပါနဲ့"

"……"

"ကျွန်တော့်ကို ခေါ်လိုက်ပါ… hyung
စိတ်ကြိုက်ပေါက်ကွဲ ပစ်လို့ရတယ်…
ဟုတ်ပြီလား??"

ကလေးတစ်ယောက်ကို ချော့သလိုလေး
ပြောရင်း se hun, baek hyunရဲ့ လည်ပင်းနားက shirtအကျီကော်လံစ လေးကို ဖိနမ်းလိုက်ကာဖက်ထား ရာမှ ခွာလိုက်သည် ။

မတုန်မလှုပ်နေမြဲအတိုင်းရပ်နေသော
baek hyunကြောင့် ခြံတံခါးကို တွန်း
ဖွင့်လိုက်ရင်း သူ့ကိုယ်လေးကို ခပ်သာ
သာတွန်းပြီး ခြံထဲဝင်စေလိုက်သည် ။

"yah!! oh se hun"

ထိုအခါမှပဲ အသံပိစိလေးထွက်လာကာ
မျက်မှောင်ကျုံ့ပြီး ကြည့်လာတာကြောင့်
ခပ်ဖွဖွရယ်လိုက်ရင်း…

"good night hyung! အိပ်မက်
လှလှမက်ပါစေ"

ပြန်ပြောတာကို မစောင့်ဘဲလှည့်ထွက်
လာတော့ နောက်ကနေ ဆူအောင့်
အောင့် အသံလေးထွက်လာလေရဲ့…

"ခုမှ 7နာရီလောက်လေးရှိသေးတာကို
အိပ်ခိုင်းနေတယ်… ငါ့ကိုလည်း အသား
ယူသေးတယ်… လမ်းမှာချော်လဲပါစေ
ကွာ"

'ဂျိန်း'ကနဲ အသံနှင့် baek hyunခြံ
တံခါးကို ပိတ်ပြီး ခြံထဲဝင်သွားတော့မှ
se hunလမ်းလျှောက်နေရာမှ ရပ်ပြီး
ပြန်လှည့်ကြည့်လိုက်သည် ။

ခြံတံခါးကို ငေးကြည့်နေရင်းက ခုနက
ရင်ခွင်ထဲမြုပ်နေခဲ့သော baek hyun
ပုံရိပ်လေးကို ပြန်မြင်ယောင်လာတာမို့
အပြုံးတစ်ခုဟာ နှုတ်ခမ်းနုနုဆီမှ ဖြစ်
ပေါ်လာလေသည် ။ ကိုယ်တိုင်တောင်
မသိလိုက်ပဲ စကားလေးတစ်ခွန်းဟာ
နှုတ်ခမ်းဖျားဆီမှ ခုန်ပေါက်ဆင်းလာ
လေရဲ့…

" ~~The One~~ I Love "《✔Completed》Where stories live. Discover now