~​နောက်ဆုံးသော~

11.4K 763 113
                                    

Zawgyi

နောက်ဆုံးသော

"Baekhyun..Byun Baekhyunnn....!
ဟန်​နီ.."

လေတစ်​ချက်​​ဝေ့ဝိုက်​ကာတိုက်​သွားတိုင်း ​ရေကန်
စပ်​နားမှကျူပင်​​လေးတစ်​ချို့​ဝေ့ကာဝိုက်​သွား
၏...

ပေါ့ရွှတ်​​နေတဲ့သူ့ကိုယ်​လုံး​လေးကို​ရေဆိုတဲ့ဒြပ်
တွေရဲ့​ဆွဲ​ခေါ်ထားမှု​ကြောင့်​ အတင်းအဓမ္မပြန်
လည်​လုယူခဲ့ရတာ...

ရေကန်​​ဘောင်​​ပေါ်​ရောက်​သည်​အထိ တွဲလျား
ကျ​နေ​သော သူ့လက်​တစ်​စုံရယ်​...ကျ​တော့်
လည်​ပင်းကိုပြန်​လည်​မသိုင်းဖက်​လာ​ပေ....

မိုးသား​တွေတလိမ့်​လိမ့်​တက်​လာသလို ပြာလဲ့​နေ
သော​ကောင်းကင်​သည်​ ညို​မှိုင်း​နေပီ...
မကြာခင်​မှာ မိုး​စက်​​တွေ တာကျိုးလာ​တော့မယ်​...

နီ​စွေ​သောသူ့နှုတ်​ခမ်းသားများသည်​ ပြာတက်​​နေပြီ

မျက်​​တောင်​​မွှေးစပ်​စပ်​​လေး​တို့သည်​​ရေစိုကာ
ကပ်​ရင်း​စေ့​စေ့ပိတ်​ထား၏..

သွေး​နွေး​သောသူ့လက်​​ချောင်း​လေးများသည်
အေးစက်​​နေပြီ...

ဖြူဖပ်​ဖပ်​ဆွယ်​​တာ​လေးသည်​ ​ရေတို့ဖြင့်​​လေး
ကာသူ့ကိုယ်​လုံး​သေး​သေး​လေးကို ကပ်​တွယ်​​နေ၏

ရင်​ဖက်​တစ်​​နေရာကိုစမ်းသပ်​​သော်​ငြိမ်​သက်​​နေ
၏...

ဒါဘာသ​ဘောလဲ..ဟန်​နီ....

ကို ​ခေါ်​နေတယ်​​လေ...ဟန်​နီ...ပြန်​ထူး​လေ...

တစ်​ကိုယ်​လုံး​အေးစက်​ကာ လှုပ်​ရှားခြင်းအလျဉ်း
မရှိ....Battery ကုန်​​နေ​သောစက်​ရုပ်​တစ်​ရုပ်​လို
တောင့်​တင်းရပ်​ဆိုင်း​နေ၏..

ကျ​တော်​ဒီလိုအဖြစ်​မခံနိုင်​..ကျ​တော်​ဘယ်​လိုပျိုး
ထားရတဲ့ ပန်းလဲ...ဘယ်​လိုစိုက်​ပျိုးထားရတဲ့
ပန်းမျိုးလဲ...

ကျ​တော်​ကပါတုံ့လှုပ်​​နေလို့မဖြစ်​နိုင်​...

နှလုံးပြန်​ခုန်​​အောင်​လုပ်​ရမယ်​...

ဘယ်​ဖက်​ရင်​ဖက်​နားကို လက်​နှစ်​ဖက်​ဖြင့်​ဖိရင်း
နဲ့...

You've reached the end of published parts.

⏰ Last updated: Nov 12, 2020 ⏰

Add this story to your Library to get notified about new parts!

နှင်းဆီဝိုင် ||CHANBAEK||[Completed] (ZG+Uni)Where stories live. Discover now