~အလင်းမဲ့‌သော~

6.3K 636 60
                                    


Zawgyi

~အလင်းမဲ့​သော~

တစ်​​ယောက်​တစ်​​နေရာစီမှာ ပတ်​တီးဗလပွနဲ့..

ပျော်​ရွှင်​ခဲ့ဖူးတယ်​...ထပ်​တူညီတဲ့နာကျင်​ခြင်း
ဆိုပြီး....

ဒါ​ပေမယ့်​....အပြစ်​တစ်​ခုခုကိုဖုံးကွယ်​ဖို့အချို
သပ်​ခြင်းဆိုတာကို​တော့ သတိမပြုမိစွာ​မေ့
လျော့ပြီးမ​တွေးမိခဲ့​...

ကျ​တော်​ သံသယထားတယ်​ဆိုတာကျ​တော့်
အမှားမဟုတ်​​​ပေ...သံသယရဲ့​နောက်​ကွယ်​မှာ
သူကျ​တော့်​အ​ပေါ်တကယ်​ကို မရိုးသားခဲ့တာ..

အလင်းမဲ့တဲ့ ညမိုက်​မှာ ကျ​တော်​သိခဲ့ရတယ်​..

ကျ​တော်​ဆိုတဲ့ Byun Baekhyun ဟာနဖား
ကြိုးကိုစိန်​​ပြေန​ပြေအထိုးခံ​နေတယ်​ဆိုတာကို...

🍷နှင်းဆီဝိုင်​🍷

"ဟန်နီ...အိပ်​ချင်​​နေရင်​အိပ်​​တော့​လေ​နော်​.."

အလုပ်​စားပွဲ စာရွက်​စာတမ်း တို့နှင့်​ပွစာကျဲ
ကာ Notebook ဖန်​သားပြင်​မှအလင်းဖြန့်
သောသူ့မျက်​နှာ ​ချော​ချောသည်​ကျ​တော့်​ကို
တည့်​တည့်​ကြည့်​​မ​နေ....ငုံ့မြည်း​နေကာ အလုပ်​ဟူ​သောစာရင်းဇယားတို့ကို သူအ​လေး
ပြု​နေ၏...

တေးသံသာမ​ဟုတ်​​ပေမယ့်​ သူ့အသံသြသြချို
ချိုသည်​ ကျ​တော်​နားထဲ​တစိမ့်​စိမ့်​စီးဆင်း​နေ
၏...

ဘေးမှ တစဉ်​တစိုက်​​စောင်းငဲ့ကာ​မေး​ထောက်
ကြည့်​​နေ​သောကျ​တော့်​ကို အိပ်​​မောကျ​စေဖို့
ချော့သိပ်​​​နေသလိုလို...

ကျ​တော်​က​တော့​ခေါင်းမာစွာ​ခေါင်းကိုခါ
ယမ်း၏...

"​အော်​..ဟန်​နီရယ်​...ပင်​ပန်း​တော့မှာပဲကွာ.."

သူကျ​တော့်​ကိုမကြည့်​ပါပဲ ကျ​တော်​​ခေါင်း
ယမ်းတာ မျက်​စိ​ထောင့်​ကရိပ်​မိ​တော့
ကျ​တော့်​ကိုစိုးရိမ်​သလို ချစ်​စဖွယ်​တီတီတာ
တာဆို၏..

ကျ​တော်​​ကျေနပ်​မိတာက ဟိုးနှလုံးသားထဲက
ကို..တစိမ့်​စိမ့်​...

~ကိုဂရုစိုက်​​ကြင်​နာတိုင်း ဟန်​နီရင်​ထဲ ချယ်​ရီ
ပန်း​တွေပင်​လုံးလိုက်​​ဝေတယ်​ကို...~

နှင်းဆီဝိုင် ||CHANBAEK||[Completed] (ZG+Uni)Where stories live. Discover now