ကောင်​​လေး Do Kyung Soo ​ရေ~~

Welcome to my company.....

________PRIDE________

နေ​ရောင်​ခြည်​က လူကိုအလိုလိုနိုး​နေပြီ~~သံပတ်​နဲ့အမျိုး​တော်​တယ်​လို့ထင်​ရတဲ့ ငှက်​​တွေဆို အဘွားကြီး​ပေါက်​စလို ​ပြော​နေပြီ~~

တစ်​​ယောက်​တည်းရှာ​ဖွေစား​သောက်​ရတဲ့ဘ၀က မခက်​​ပေမဲ့ မလွယ်​ကူပါ~~

ဆက်​ပြီးအပျင်းကြီးဖို့လည်း စိတ်​ကမပါ​တော့~~

ဘေးနားကစားပွဲတင်​~~နာရီက​တော့ မနက်​ ၇နာရီဆိုတာကိုပြ​နေတယ်​.....

ဒီအချိန်​ထရင်​အ​တော်​ပါပဲ​လေ~~

အားလုံးပြင်​ဆင်​ပြီးမှ အိမ်​ကထွက်​​တော့....အချိန်​က ၈နာရီရှိပြီ~~

ကိုယ်​တွက်​ချက်​ထားတဲ့အချိန်​နဲ့ အံကိုက်​ဖြစ်​​နေတာမို့ ​ကျေနပ်​ပြုံးတချက်​ပြုံးကာ~~~ကားမှတ်​တိုင်​ကိုပဲ တိုက်​ရိုက်​ထွက်​လာတယ်​.......

အော်​~~နာမည်​ကြီးကုမ္မဏီမှာအလုပ်​လုပ်​ရ​တော့မယ်​ဆို​တော့~~ကိုယ့်​ကိုယ်​ကို​တော့ အထင်​ကြီးစိတ်​၀င်​မိသား......

ကိုယ့်​ကိုယ်​ကို အားတင်းစိတ်​​လေး​မွေးပြီး~~ကုမ္မဏီထဲဝင်​လာလိုက်​တယ်​....

ဧည့်​ကြို ဌာနကို​မေးကာ ~~ကျွန်​​တော်​အလုပ်​လုပ်​ရမဲ့အခန်းဆီ​လျှောက်​လာလိုက်​တယ်​....

ကျွီ~~~

"မင်္ဂလာပါ "

ကျွန်​​တော့်​အသံလည်းကြား​ရော အခန်းထဲကလူ​လေးငါး​ယောက်​​လောက်​က လှည့်​ကြည့်​တယ်

"ကျွန်​​တော်​ sectary အသစ်​ပါ"

"​အော်​....မင်း​ရောက်​ပြီလား လာ"

အင်​တာဗျူး​ဖြေတဲ့​နေ့က ​မေးတဲ့လူသုံး​ယောက်​ထဲက ​တစ်​​ယောက်​က ကျွန်​​တော့်​ကိုပြုံးပြကာ လှမ်း​ခေါ်တယ်​~~

"မင်းလုပ်​ရမဲ့အလုပ်​​တွေကို ကိုယ်​ရှင်းပြမယ်​....အခု​တော့မဟုတ်​​သေးဘူး...​တော်​ကြာ​နေသူ​ဌေးလာလိမ့်​မယ်​...အခန်းထဲမှာကြို​စောင့်​​နေ....."

PRIDEWhere stories live. Discover now