Chapter - ( 4 )

Comincia dall'inizio
                                    

" အဟင်း .. ဒီည ဒီမှာပဲ အိပ်​ရင်​ အိပ်​သွား​လေ .. "

လို့​ ကျွန်​​တော်​ ​ပြောလိုက်​​တော့ ကျွန်​​တော့်​ကို လှမ်းကြည့်​တယ်​ ။

" သူ​ဌေး အဆင်​​ပြေလို့လား ?"

" ငါက ရပါတယ်​ .. မင်း ဆိုဖာ ​ပေါ်မှာ အိပ်​​ပေါ့ .. "

လို့​ပြောပြီးတာနဲ့ ကျွန်​​တော်​ ထိုင်​​နေရာက​နေ ထပြီး ​ရေချိုးဖို့ ​ရေချိုးခန်းထဲ ဝင်​ခဲ့လိုက်​တယ်​ ။

ရေချိုးပြီး အပြင်​ထွက်​လာ​တော့ ဆိုဖာ​ပေါ်မှာ မအိပ်​​သေးဘဲ ထိုင်​​နေ​သေးတဲ့ သူ့ကို

" ဘာလို့ မအိပ်​​သေးတာလဲ ? "

" သူ​ဌေး တစ်​ခုခုများ ခိုင်းစရာရှိ​နေအုံးမလားဆိုပြီး ​စောင့်​​နေတာပါ "

" မရှိဘူး .. အိပ်​​တော့ .. ငါလည်း အိပ်​​တော့မှာ "

သူ့ကို ​ပြောပြီးတာနဲ့ အဝတ်​ခန်းထဲဝင်​ပြီး ​ညတိုင်းအိပ်​​နေကြ ကျွန်​​တော့်​ ပုံစံအတိုင်း ခန္ဓာကိုယ်​ အ​ပေါ်ပိုင်းကို အင်္ကျီမဝတ်​ဘဲ ​အောက်​ပိုင်းကို ​ဘောင်းဘီအတို ဝတ်​ပြီး ထွက်​လာခဲ့လိုက်​တယ်​ ။

ကုတင်​ရှိရာဆီ သွားရင်းနဲ့ KyungSoo ကိုလှမ်းကြည့်​လိုက်​​တော့ ကျွန်​​တော့်​ ပုံစံကို မြင်​ပြီး ရှက်​​နေတယ်​ထင်​ရဲ့ ​ခေါင်းကြီးငုံ့ပြီး မျက်​နှာကြီးက နီရဲလို့ ..

ကျွန်​​တော်​လည်း မသိချင်​​ယောင်​​ဆောင်​ပြီး ကုတင်​​ပေါ်တက်​ကာ အိပ်​ဖို့ပြင်​လိုက်​တယ်​ ...

" ​အေး​အေးချမ်းချမ်း အိပ်​ပါ "

ဆိုတဲ့ အသံ​သေး​သေး​လေး ကြား​တော့ ကျွန်​​တော်​ ပြုံးလိုက်​မိတယ်​ ။ ပြီး​တော့ ကျွန်​​တော်​လည်း အရမ်းပင်​ပန်း​နေပြီမို့ မျက်​လုံးကို အသာမှိတ်​ထားရင်း ခဏအကြာ အိပ်​​ပျော်​သွား​တော့တယ်​ ။

မနက်​ 2 နာရီ​လောက်​​ကြ​တော့ ​ရေဆာလာလို့ ကျွန်​​တော်​ နိုးလာတယ်​ ။ အိပ်​ယာ​ပေါ်မှာ ထထိုင်​ရင်း ကုတင်​​ဘေးက စားပွဲ​ပေါ်မှာ တင်​ထားတဲ့ ​ရေဘူးကို ယူပြီး ​မော့​သောက်​လိုက်​တယ်​ ။ ပြီး​တော့ KyungSoo အိပ်​​ပျော်​ရဲ့လား မ​ပျော်​ရဲ့လားဆိုတာ ကြည့်​ဖို့ KyungSoo အိပ်​​နေတဲ့ ဆိုဖာ​ဆီ လှမ်းကြည့်​လိုက်​​တော့ ...

Adult Babe [ Completed ] (Zawgyi+Unicode)Dove le storie prendono vita. Scoprilo ora