Chapter - ( 4 )

14.1K 1.5K 65
                                    

( Zawgyi )

( ˘ ³˘)♥
~~~~~~~~

{ JongIn's point of view }

" အဲ့ဒီ​တော့ အခုအချိန်​ထိ ဘာမှမစားရ​သေးဘူး​ပေါ့ ?"

" အင်း "

ကျွန်​​တော်​ ​မေးတဲ့စကားကို ​ခေါင်း​မော့ပြီး​တောင်​ မ​ဖြေအားဘူး ။ ကျွန်​​တော့်​ အခန်းထဲက ​ရေခဲ​သေတ္တာ​ထဲက​နေ ထုတ်​​ပေးထားတဲ့ ကိတ်​မုန့်​​တွေ ၊ ကြက်​အူ​ချောင်း​တွေ ၊ အသီး​တွေနဲ့ အ​အေး​တွေကို ​ခေါင်းမ​ဖော်​တမ်း အဆက်​မပြတ်​ ပါးစပ်​ထဲသွတ်​ရင်း ပလုတ်​ပ​လောင်းနဲ့ " အင်း " တစ်​လုံးပဲ ပြန်​​ဖြေတယ်​ ။

" ​ဟေ့ ​ဟေ့ ​ဖြေးဖြေးစားစမ်းပါ .. ဒါ​တောင်​ တစ်​ရက်​ပဲ အစားမစားရလို့ပဲ "

ပြော​ရင်းနဲ့ ကျွန်​​တော့်​အ​ရှေ့က Cola ကို သူ့​ရှေ့တွန်း​ပေးလိုက်​တယ်​ ။ သူက Cola ကိုယူပြီး ပိုက်​နဲ့ တစ်​ငုံစုပ်​ကာ အစားစားတာကို အဆုံးသတ်​လိုက်​တယ်​ ။

ပြီး​တော့ ကျွန်​​တော့်​ကို ကြည့်​ပြီး ​​​မျက်​ရည်​​တွေ​ကြောင့်​ အရည်​လဲ့​နေတဲ့ မျက်​လုံး​တွေ ပိတ်​သွားတဲ့အထိ ပြုံးပြတယ်​ ။

* ချစ်​ဖို့​ကောင်းလိုက်​တာ *

မဟုတ်​ပါဘူး !! Kim JongIn ဘာ​တွေ ​တွေး​နေတာလဲ ?

" အဲ့ဒါဆို ကျွန်​​တော်​ ပြန်​​တော့မယ်​ .. ​ကောင်း​ကောင်းစားခဲ့ပါတယ်​ "

လို့ KyungSoo ​ပြော​တော့ ကျွန်​​တော့်​လက်​က နာရီကို ကြည့်​လိုက်​တယ်​ ။

" ဒီအချိန်​ကြီး ကားရှိ​သေးလို့လား ? 12 နာရီ ထိုး​တော့မယ်​ "

" ဟမ်​ !!!! "

ကျွန်​​တော်​ ​ပြော​တော့မှ မျက်​လုံးပြူးမျက်​ဆန်​ပြူးနဲ့ ကျွန်​​တော့်​ ကုတင်​​ဘေးက ပြူတင်း​ပေါက်​ဆီ ​ပြေးသွားပြီး လိုက်​ကာကို ဆွဲလှန်​ကာ အပြင်​ကို ပြူးပြဲပြီး ကြည့်​​နေတယ်​ ။ ပြီး​တော့ စိတ်​ပျက်​သွားပုံနဲ့ ​ခေါင်းငိုက်​စိုက်​ချပြီး ပြန်​လာတယ်​ ။

Adult Babe [ Completed ] (Zawgyi+Unicode)Where stories live. Discover now