21-ကျွန်တော်ချစ်တဲ့~~သူ~~

Start from the beginning
                                    

"yong လေးက wu yi fanကို
တော်တော်ချစ်ရှာတာပဲ… ငါ့ညီမလေး
သနားပါတယ်"

တစ်ကိုယ်တည်းရေရွတ်နေရင်းမှ 'ဟက်'ခနဲရယ်မိရဲ့…

သူလည်း ဘာထူးသလဲလေ?? yeol
ဆီက အပစ်ခံထားရတာပဲ…

ဘောင်းဘီအိတ်ကပ်ထဲက phကို အ
သာထုတ်ကာ powerခလုတ်ကိုနှိပ်
လိုက်တော့ screenပေါ်လင်းလာသည့်
ပုံကလေးဟာ baek hyunမျက်ဝန်း
အိမ်မှ အရည်ကြည်တချို့ကို ကျဆင်းစေ
သည် ။ (at media)

ကျွဲကိုင်းမျက်မှန်အမဲလေးတပ်ထားသည့်
ကောင်လေးပုံလေးကို လက်ညှိုးလေးနှင့်
အသာတို့ထိလိုက်ရင်း မျက်ရည်များ
ကြားမှ သူပြုံးနေမိသည် ။ သူ့အတွေး
တို့ဟာလည်း အတိတ်ပုံရိပ်တို့ဆီသို့
လွင့်ပါးသွားခဲ့သည် ။

"yeol ah yeol ah"

ဆံပင်နက်နက်တို့ကို နဖူးပေါ်jelနဲ့ လူကြီးဆန်ဆန် သေသေသပ်သပ် လှန်တင်ထားသည်မှမလိုက် phကို ကိုင်ကာ မျက်စိတစ်ဖက်မှိတ် နှုတ်ခမ်း
တခြမ်းသာကွေးညွှတ်ကာပြုံးလျက်နေ
သော ကောင်လေးတစ်ယောက်ဆီပြေး
လာသော မျက်ဝိုင်းဝိုင်းလေးနှင့်ကောင်
လေး…

"wae baek??"

baek hyunက သူ့ပုခုံးပေါ် မေးလေး
တင်လိုက်တော့ လှည့်ကြည့်လာသည့်
chan yeol…

"baekလဲ ရိုက်မယ်… "

ပြုံးပြုံးလေးနှင့် ပြောနေသောbaek
hyunအား chan yeolစချင်လာတာ
ကြောင့်… တကယ်တော့ baek hyun
ချွဲတာလေးကို သူမြင်ချင်လို့ပါလေ…

"မရိုက်ရပါဘူး… go go"

chan yeolစကားကြောင့် baek
hyunနှုတ်ခမ်းလေးစူပုပ်သွားရင်း… chan yeolလက်မောင်းကို ကိုင်ကာ
မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ် ပါးကလေးဖောင်းရင်း ageyoတွေလုပ်
ပြတော့ သဘောအကျကြီးကျနေသူ
chan yeolဟာ baek hyunပါး
လေးကို နှာခေါင်းနစ်ဝင်သွားအောင်
မွှေးကြူလိုက်လေသည် ။

တစ်စစပိုပြီး ကျဆင်းလာသော မျက်
ရည်တို့ကို လက်ခုံဖြင့်ဖိပွတ်လိုက်ရင်း
baek hyunပြုံးနေမိသည် ။

"ချစ်တယ် yeolရယ်"

သူ့နည်းတူပဲ ကောင်လေးတစ်ယောက်
ဟာလည်း ကုတင်ထက်မှာထိုင်ရင်း သူ့phထဲက ထိုပုံလေးကိုပဲငေးကြည့်ကာ မျက်ရည်ဝဲနေလေသည် ။

" ~~The One~~ I Love "《✔Completed》Where stories live. Discover now