20-ကျွန်တော်ချစ်တဲ့~~သူ~~

Start from the beginning
                                    

se hunက ပြုံးကာ ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာရင်း…

"ပေါက်စက ကျွန်တော့်အကြိုက်ကို
တောင် သိနေပြီပေါ့လေ"

~~~~~

baek hyunစိတ်ညစ်နေမိသည် ။ သူ့
ရှေ့က သိပ်ချစ်နေကြသည့် လူသား
နှစ်ဦးကို ကြည့်ရင်း မသိမသာတစ်မျိုး
သိသိသာသာတစ်မျိုးသက်ပြင်းချနေမိ
သည်ကလည်း အခါခါ… မကြာခင်သူ
ငိုမိတော့မည် ထင်သည် ။ ကိုယ်ချစ်
ရသူဟာ တခြားသူတစ်ယောက်ရဲ့ ရင်
ခွင်ထဲမှာ ပျော်ရွှင်နေတာကို ဘယ်လူ
သားက ကြည့်နေနိုင်မှာလည်းလေ…

wu yi fanတဲ့!!! yeolရဲ့ ချစ်ရသူ
နာမည်က… Wu CEO၏ သားဖြစ်သည့်
wu yi fanနှင့် အမေပါသား park
chan yeolတို့ သွေးသားမတော် စပ်ပေမယ့် တိတ်တဆိတ် ချစ်ကြိုက် နေရဲသည့် yeol၏ သတ္တိကို သူသိပ်
လေးစားပါသည် ။

သူ့တုန်းက yeolဟာ ဘာပြောခဲ့လဲ??
BY gp၏ သားဖြစ်သည့် ချမ်းသာသူ
ကျွန်တော့် မိဘတွေက သဘောမတူ
သည်မို့ သူဆက်မချစ်နိုင်တော့ဘူးတဲ့
လေ… အရမ်းပင်ပန်းလွန်းတယ်… မမှီ
တဲ့ ပန်းကိုတုံးခုလှမ်းနေရသည့် သူဟာ
သေလောက်အောင် နာကျင်ရသည်တဲ့

အခုတော့ရော??? အဖေပါသားနှင့် တိတ်တဆိတ်ချစ်ကြိုက်နေရသည်ထက်
စာလျှင် ကျွန်တော်နှင့်ချစ်ပြီး မိဘတွေ
နားလည်လက်ခံလာအောင် ကြိုးစား
သည်က ပိုပြီးဖြစ်နိုင်ချေ များသည်မ
ဟုတ်လားလေ…

တကယ်တော့ chan yeolဟာ ကျွန်
တော့်ကို မချစ်ခဲ့တာလည်း ဖြစ်နိုင်ပါ
သည်လေ…

ဝဲတက်လာသော မျက်ရည်တို့ကို သိမ်း
ယူခြင်းမပြုဘဲ yeolဆီလှမ်းကြည့်မိ
တော့ wu yi fanရင်ခွင်ထဲမှ ကျွန်
တော့်ကို လှမ်းကြည့်နေသည့် သူ့မျက်
ဝန်းတွေမှာ အားနာမှုအရိပ်အယောင်
တွေ ထင်ဟပ်နေလေသည် ။

"chan yeol!! အာ"

spagettiအချို့ကို ခက်ရင်းနှင့်လိပ်
ခွေယူရင်း wu yi fanက chan
yeolပါးစပ်နားဆီ ခက်ရင်းထိုးပေး
တော့ chan yeolက အကြည့်လွှဲကာ
ပါးစပ်လေးအသာဟလိုက်လေသည် ။

စို့နစ်လာသော ခံစားချက်ကြောင့် ကျွန်
တော့်မျက်ဝန်းဆီမှ မျက်ရည်အချို့လိမ့်
ဆင်းလာသည်ကို လက်ခံဖြင့်အသာပွတ်
သုတ်လိုက်တော့…

" ~~The One~~ I Love "《✔Completed》Where stories live. Discover now