အချိန်​အားဖြင့်​ ည​နေ၅နာရီ။ တစ်​​နေ့လုံး ​တောင်​တက်​ရတာ ပင်​ပန်းလိုက်​တာ။ လွမ်းတာက အစစ်​ပါ​တော့ ပိုပန်းတယ်​။ အဲ့​ကောင်​​လေးမျက်​နှာကို မြင်​ချင်​တာလည်း ယွစိကိုထိုး​နေတာပဲ။ ကျ​တော်​ မညာ​တော့ဘူး။ တကယ်​​ပြောတာ ​မျောက်​ကိုလွမ်းတယ်​။

မိုး​တောင်​ချုပ်​​တော့မယ်​။ ​မျောက်​တို့အဖွဲ့က ပြန်​မ​ရောက်​သေးဘူး။ လူက ဂနာမငြိမ်​။ ထိုင်​မရ ထမရနဲ့။ ​ကြည့်​မရလို့ Yoongi​တောင်​​ ​ပြောယူရတဲ့အထိ ကျ​တော်​ ဖြစ်​ပျက်​​နေတာ။

"ဘာဖြစ်​​နေတာလဲ Jeon Jung Kookရယ်​ ဖင်​ကိုမငြိမ်​ဘူး ထိုင်​​နေစမ်းပါကွာ မျက်​စိ​နောက်​လွန်းလို့"

အ​ပြောခံရ​တော့လည်း ငြိမ်​ငြိမ်​ထိုင်​​နေလိုက်​တယ်​။ ​မှောင်​ရီစက ပျိုး​နေပြီ ပြန်​မလာ​သေးတဲ့ သူတို့အဖွဲ့ကို အကုန်​လုံးလည်း စိတ်​ပူလာပြီ။

"ဆရာမ....ဆရာမ....Kim....Kim Tae Hyung...​ပျောက်​....​ပျောက်​​နေလို့...."

ဟောဟဲဆိုက်​ကာ အ​မောတ​ကော ​လာ​ပြောတဲ့ သူ​ကြောင့်​ ပထမဆုံး ရင်​ထဲစစ်​သွားတာ ​ပျောက်​​နေတာ Kim Tae Hyungတဲ့။

"ဆရာမ ကျ​တော်​ Tae Hyungကို သွားရှာလိုက်​အုံးမယ်​"

"Jeon Jung Kook!!!!"

အော်​​ခေါ်သံ​တွေ တားမြစ်​သံ​တွေ ​နောက်​ချန်​ခဲ့ပြီး ဓာတ်​မီးတစ်​လက်​နဲ့ ​တောထဲ အ​ပြေးဝင်​ခဲ့တယ်​။ စိုးရိမ်​ခြင်းအသိက ရင်​ထဲမှာ ဘယ်​လို​တောင်​ ပူ​လောင်​​စေ​တာလား။

"Kim Tae Hyung!! Tae Hyung ah!!"

သူ့နာမည်​ကို အသားကုန်​​အော်​​ခေါ်ရင်း မ​ပြေးရုံတမယ်​ ​ရှာမယ်​မိတယ်​။ သူ့ကို မ​တွေ့ရင်​ ကျ​တော်​ ရူးမယ်​ထင်​တယ်​။ ဘာ​တွေဘယ်​လို ဖြစ်​ကုန်​တယ်​ မသိ။ Tae Hyung Tae Hyungဆိုတဲ့ စိတ်​တစ်​ခုပဲရှိတယ်​။ ဒါအချစ်​ဆိုလည်း အချစ်​ပဲ ထားလိုက်​ပါ​တော့။

"Tae Hyung!! Kim Tae Hyung!!! မင်းဘယ်​မှာလဲ!!!"

အ​တော်​ကြာ​နေပြီ အရိပ်​​အ​ယောင်​​လေး​တောင်​ မ​တွေ့ရတာမို့ ရင်​ထဲမှာ ကမ္ဘာပျက်​​နေခဲ့ပြီ။

Never Ever {♥Completed♥}Où les histoires vivent. Découvrez maintenant