13-ကျွန်တော်ချစ်တဲ့~~သူ~~

Magsimula sa umpisa
                                    

"ငါဘာလုပ်ရမလဲဟင်!! မင်းကို ဆက်
ပြီး ဥပေက္ခာပြုသင့်လား??"

ကိုင်ထားသော လက်ဖမိုးလေးကို နှုတ်
ခမ်းလေးဖြင့်အသာဖွဖွ နမ်းရှိုက်လိုက်
ရင်း…

"good nightကလေးလေး… အိပ်
မက်လှလှမက်ပါစေကွာ"

သူ့မျက်နှာလေးကို အသာကြည့်မိတော့
အတန်ငယ်တွန့်ကွေးသွားသော နှုတ်ခမ်း
လေးကြောင့် ဘယ်ဘက်ပါးက ပါးချိုင့်
ရေးရေးလေးပေါ်လာတာကြောင့် အ
သည်းယားလာကာ အသာအယာမွှေး
ကြူလိုက်ရင်း ဖြူစင်စွာအိပ်မောကျနေ
သော မျက်နှာနုနုလေးကို ငေးကြည့်
နေမိသည် ။

ဘုရားသခင်!! chan yeolအိပ်နေ
တာလေးကို ခဏလောက်လေးပဲ ငေး
ကြည့်ခွင့်ပြုပါ့နော်…

ကျွန်တော့်ကို အလိုမရှိတဲ့သူလေး အိပ်
ပျော်နေရာက နိုးမလာခင် ကျွန်တော်
ခဏလောက်လေးပဲ သူ့နားနေပါရစေ…

~~~~~

"အင်း!!!"

စိုထိုင်းထိုင်းမနက်ခင်း အငွေ့အသက်
ကြောင့် အိပ်ပျော်နေရာမှ chan yeolနိုးလာခဲ့သည် ။

အတန်ငယ်ထိုးကိုက်နေသော ခေါင်း
ကြောင့် ညာဘက်လက်ဖြင့် နားထင်ကို
ဖိထောက်မိတော့ တစ်စုံတစ်ခုကို လက်
ကို လာထိလေရဲ့…

ထိုအရာကို ယူကြည့်မိတော့ ခြောက်
ကာ အတောင့်လိုက်လေးဖြစ်နေသည့်
လက်ကိုင်ပဝါဖြူလေးတစ်ထည်…

ဘယ်ဘက်လက်က နွေးသလိုလေးရှိ
နေတာကြောင့် ဘေးကိုအသာငဲ့ကြည့်
မိတော့…

wu yi fan!!!

ကျွန်တော့်လက်ကို သူ့လက်ဖဝါးခပ်
ကြီးကြီးဖြင့် အုပ်မိုးဆုပ်ကိုင်ထားလျက်
ကုတင်ပေါ်ခေါင်းလေးစောင်းတင်ကာ ကျန်လက်တစ်ဖက်ကို ခေါင်းအုံးအိပ်နေ
ရှာသည့် ကောင်လေး…

သူ့လက်နွေးနွေးထဲမှ ကျွန်တော့်လက်ကို
အသာထုတ်ယူလိုက်တော့ နွေးထွေးမှု
က လစ်ဟာသွားသယောင်… လှဲနေရာမှ
အသာ ထကာ သူ့ကိုကြည့်လိုက်မိတော့

သူ ကြမ်းပြင်ပေါ်မှာ ထိုင်နေတာပါ
လား?? အခင်းလည်းမရှိဘဲ အေးစက်
စက်ကြမ်းပြင်ပေါ်မှာ တစ်ညလုံးထိုင်နေ
တာ အေးနေတော့မှာပဲ fan fan
ရယ်!!!

" ~~The One~~ I Love "《✔Completed》Tahanan ng mga kuwento. Tumuklas ngayon