13-ကျွန်တော်ချစ်တဲ့~~သူ~~

Start from the beginning
                                    

ကုတင်ပေါ်တွင် အိပ်ပျော်နေသော
chan yeolကြောင့် ကျွန်တော်သူ့အ
နားကို အသာလေးကပ်သွားမိသည် ။

စောင်ခြုံထားပါလျက်နှင့် မသိမသာတုန်
ယင်နေသော ကိုယ်လေးနှင့် နဖူးစပ်
တွင် ဝေ့သီနေသာ ချွေးစက်လေးတွေ
အရ သူဖျားနေပြီထင်ရဲ့…

နဖူးကို လက်ဖဝါးနှင့်အသာအုပ်ကာ
စမ်းကြည့်မိတော့ အပူငွေ့နည်းနည်းရှိ
နေလေသည် ။

ကောင်စုတ်လေး ကိုယ့်ကိုကိုယ် ဂရုမ
စိုက်ဘူး… ခုတော့ဖျားပြီမလားဟင်??

နဖူးစပ်က ချွေးစလေးတွေကို လက်က
လေးနှင့် အသာသုတ်ပေးလိုက်ရင်း ရေ
ချိုးခန်းတွင်းသို့ ဝင်မိသည် ။

ရေအေးအေးလေးကို ရေချိုးခွက်က
လေးထဲ ထည့်ကာ ပုဝါလေးကို ယူရင်း
ကုတင်အစွန်းလေးမှာ တင်ပါးလွှဲဝင်ထိုင်
လိုက်သည် ။

ပုဝါကို ရေထဲအသာနှစ်… စိုရွှဲနေသော
ပဝါကို လက်နဲ့လိမ်ညှစ်ရင်း ပြန်ဖြန့်
ပြီးနောက် ထက်ဝက်ခေါက်ပြီး နှစ်
ခေါက်ပြန်ခေါက်ကာ နဖူးပေါ်အုပ်တင်
ပေးတော့ တစ်ချက်တွန့်သွားသည့်
ကောင်လေး ။ ချမ်းလို့ထင်ရဲ့…

bed sideလေးပေါ်က remoteလေး
နှင့် heaterကို မြှင့်ပြီးမှ ရေပတ်ဝတ်
ဆက်အုပ်ပေးထားလိုက်သည် ။

အဖျားပိုးဝင်တုန်းလေး ဂရုစိုက်ထားမှ
သာ အဖျားအရှင်းပျောက်သွားနိုင်တာ
မို့ ရေပတ်ဝတ်လေးရေခြောက်သွား
လိုက် ရေပြန်စွတ်ကာ နဖူးပေါ်ပြန်အုပ်
ပေးလိုက်လုပ်နေမိသည် ။

မျက်နှာလေးကို အသာကြည့်မိတော့
အပြစ်ကင်းစင်စွာ အိပ်မောကျနေတာ
မို့ သူပြုံးမိသေးသည် ။

"ကောင်စုတ်လေး မင်းကတော့ အိပ်
ပျော်နေလိုက်တာ… အပူအပင်ကင်း
လိုက်တာနော်… ငါကတော့မင်းကို စိတ်
ပူနေလိုက်ရတာ…"

ခန္ဓာကိုယ်ဘေးသို့ ကပ်လျက်ချထား
သော လက်ကလေးကို အသာမယူ
လိုက်ရင်း လက်ဖမိုးလေးကို ပါးလေး
နှင့်ထိကပ်ထားမိသည် ။

"ဆိုးလိုက်တဲ့ကောင်လေး… မင်းက
တော့ငါ့ကို ဥပေက္ခာပြုရက်တတ်နော်…
ငါကတော့မင်းကို ချစ်လိုက်ရတာ…"

" ~~The One~~ I Love "《✔Completed》Where stories live. Discover now