Special Chapter-2

17.7K 1.6K 40
                                    

*The Love Story of
Kris Wu & Zi Tao*
________________

ZAWGYI

"ကိုယ် အားလုံးကို အသစ်က ပြန်စချင်တယ်။ ကိုယ့်ကို နောက်တစ်ကြိမ် အခွင့်အရေးထပ်ပေးပါလား Taoရယ်"

ကျွန်တော် ကိုယ့်ခေါင်းကိုယ် ပြန်ထုကာ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာသော ပုံရိပ်တွေကို မောင်းထုတ်ပစ်မိတယ်။

BaekHyunက Xingကို ခေါ်မလာဘဲ ကစားကွင်းဆီ တစ်ယောက်တည်းလာဖို့ တဖွဖွပြောပြီး ချိန်းကတည်းက စိတ်ထင့်နေခဲ့ပေမဲ့
ဟိုရောက်တော့မှ ကျွန်တော် နောက်လှည့်ပြေးဖို့ နောက်ကျသွားခဲ့ပြီ။ တကယ်ပဲ BaekHyunက
Krisနဲ့ နှစ်ယောက်တည်း တွေ့ဖို့စီစဉ်ထားခဲ့တယ်လေ။

Byun BaekHyun...နောက်မှ ဒင်းကို
မှတ်လောက်အောင် ဆော်ပစ်ဦးမယ်။

စာကြည့်စားပွဲမှာ ထိုင်ရင်း ကျွန်တော် BaekHyunကို ကျိန်ဆဲလိုက်မိတယ်။

နောက်တော့ ရေချိုးခန်းထဲဝင်၊ မျက်နှာသစ်လိုက်ပြီး အတွေးတွေကို ရှင်းလိုက်တယ်။ ဒါပေမဲ့ ဘာမှမထူးခြားခဲ့ပါဘူး။ ကျွန်တော် မျက်နှာချင်းဆိုင်နေရတဲ့ ရေ‌ချိုးခန်းထဲကမှန်ထဲမှာ ကစားကွင်းမှာတွေ့ခဲ့တဲ့ Krisရဲ့ ပုံရိပ်က ရုပ်ရှင်ပြကွက်လို ထင်ဟပ်လာတယ်။

မျက်လုံးကို ချက်ချင်းမှိတ်ပြီး မျက်နှာကို ရေနဲ့ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်ပေမဲ့ ပုံရိပ်ဟာ ထင်ထင်ရှားရှားပေါ်နေတုန်းပဲ။

ကျေးဇူးပြုပြီး ငါ့ခေါင်းထဲက ထွက်သွားပေးပါလား Kris Wuရယ်။

စိတ်ထဲမှ ဆုတောင်းစကားဟာ မပြည့်‌၀နိုင်မယ့် ဆန္ဒလေးတစ်ခုအဖြစ် ပျောက်ကွယ်သွားလိမ့်မယ်။ Krisက လွန်ခဲ့တဲ့သုံးနှစ်ကလိုမျိုး အခုချိန်မှာလည်း ကျွန်တော့်ရဲ့စိတ်အာရုံကို စိုးမိုးခြယ်လှယ်နိုင်နေတုန်းပဲ။

ပထမအကြိမ် မင်း ငါ့ဘဝထဲက ထွက်သွားပြီးပြီပဲ။ ဒုတိယအကြိမ် ဝင်လာဖို့ မကြိုးစားပါနဲ့တော့ Krisရယ်။ မင်းရော ငါရော ပင်ပန်းတယ် မဟုတ်လား။
    
ကစားကွင်းမှ ပြန်လာပြီးသည့် လေးရက်မြောက်နေ့ထိတိုင် နေ့စဉ်ဘဝကို ပုံရိပ်တွေနဲ့ နှောင့်ယှက်ကာ အိပ်မက်တွေထဲထိ ဝင်ရောက်လာတဲ့ Krisကို ဘယ်ပုံဘယ်နည်းနဲ့မောင်းထုတ်ရမလဲဆိုတာ ကျွန်တော် မစဉ်းစားတတ်တော့ပါလေ။

Married to a PrinceWhere stories live. Discover now