"စာအုပ်​​တွေထပ်​မယ်​"

အတန်း​ခေါင်​​ဆောင်​​ပြော​တော့ အကုန်​လုံး
စာအုပ်​​တွေ အ​ပြေးအလွှား ထပ်​ကြသည်​။
ဒီ​နေ့​တော့ ​နွေ​ခေါင်​​ခေါင်​မှာ မိုးကြိုးပစ်​ခံရမလို။
ဟို ချီးထုပ်​အရှည်​ကြီးလည်း စာအုပ်​​တွေ ဘာ​တွေ ထပ်​လို့။ လုံးဝကို အဆန်း။
အေး​လေ ကျွန်​​တော်​လည်းထပ်​တာပဲ​လေ။
သူနဲ့ကျွန်​​တော်​နဲ့က အတန်းထဲမှာဆို အဆင့်​လု​ဖော်​လုဖက်​​တွေ​လေ။
အတန်းရဲ့ ဘိတ်​ချီးကို မင်းနဲ့ငါ လု​နေတာ။

အတန်းချိန်​​တွေတစ်​ချိန်​ပြီး တစ်​ချိန်​ပြီးသွားသည်​အထိ အကုန်​လုံးက ​အေး​အေး​ဆေး​ဆေးပါဘဲ။
ပြသနာက အဲ့မှာ စတာပဲ။ သချာင်္ချိန်​ ဟိုဇီဇာ​ကြောင်​ အပျိုကြီးမမအချိန်​။
ဝင်​လာကတည်းက အုံးဒိုင်းအုံးဒိုင်းနဲ့။
ဇာတ်​ပွဲနဲ့ နင်​လား ငါလားပဲ။

"Kim Tae Hyung ဆိုတာ ဘယ်​သူလဲ
ထွက်​ခဲ့စမ်း"

သွားပြီ အပျိုကြီးရဲ့ ဒီ​က​နေ့ အရစ်​​တော်​ခံက
ကျွန်​​တော်​ပါလား​နော်​။
Kim Tae Hyung ​ရေ မင်း​ရေနစ်​​သေ​တော့ကွာ။

"ကျွန်​​တော်​ပါ ဆရာမ"

အသံ​တောင်​ ၀င်​ကုန်​ပြီ။ ထွက်​မလာ​တော့ဘူး။
လက်​ညိုး​လေး​ မရဲတရဲ ​ထောင်​ကာ ဆရာမနား
သွားလိုက်​သည်​။
နဂါးမျက်​​စောင်းကြီးနဲ့ ကြည့်​​နေတာ ကြက်​သီးထစရာကြီး။ တစ်​တန်းလုံးကလည်း
ငြိမ်​သက်​​နေလိုက်​တာ ကိုယ့်​ကိုယ်​ကို ရင်​ခွဲရုံထဲ
ရောက်​​နေရသလိုပဲ။

"မင်းဘယ်​လို ​ကောင်​​လေးလဲ ငါ့ကို မ​လေးမစား
လုပ်​တာလား ဟမ်​"

တံ​တွေး​တောင်​ မျိုချလိုက်​ရတယ်​။
အော်​လိုက်​တာ ဆိုတာ​လေ လိပ်​ပြာ​တောင်​လွင့်​ချင်​ချင်​ ဖြစ်​သွားတယ်​။

"ကျွန်​​တော်​ ဘာလုပ်​လို့လဲ"

"မင်းဘာလုပ်​ တာလဲဆိုတာ သိချင်​တာလား
ရော့ ဒီမှာ မင်းစာအုပ်​ကို ကြည့်​လိုက်​"

ဖွင့်​ကြည့်​လိုက်​​တော့ ​တွေ့ပါပြီ။
စာအုပ်​မှာ​ရေးထားတာက
"I ❤ You Teacher" တဲ့။
လူက ​မြေ​တွေပဲအမျိုခံရသလို။ ​ခေါင်း​ပေါ်တည့်​တည့်​ မိုးကြိုးပစ်​ခံရသလို။
Jeon Jung Kook!!!!!!
ဒါ သင်းလက်​ချက်​ပဲ။ ကိုယ်​​တော်​က စပ်​ဖြီးဖြီးရုပ်​ကြီးနဲ့ ရိုက်​သတ်​ချင်​စရာကြီး။

Never Ever {♥Completed♥}Where stories live. Discover now