part 1

11.5K 630 34
                                    

မိုးသားတွေကကောင်းကင်ပေါ်မှ သနားစရာကောင်းစွာတဖြောက်ဖြောက်ကျနေသည်..

ကျွန်တော့ဘဝကလည်း ထိုမိုးစက်လေးတွေလိုစွန့်ပစ်ခံဘဝ...

ဘယ်သူမှမလိုလားသောဘဝ ...

"မင်းကြောင့် ငါ့သမီးသေတာ ! "

ဖွာဖွား၏ ကြောက်စရာကောင်းသောအမုန်းမျက်ဝန်း ..

"မင်းကြောင့်ငါ့ညီသေတာ ! မင်းကဂြိုလ်ဆိုးပဲ ! "

ဦးလေး၏ မူးလျှင်ပြောတတ်သောစကား၊ မမူးလျှင်တော့ ထို့ထက်မကပြောတတ်သေးသည်..။

ဖေဖေနဲ့မေမေသေတာကျွန်တော့ကြောင့်လို့ပြောကြပေမယ့် ကျွန်တော်နဲ့ဘယ်လိုပတ်သက်တယ်ဆိုတာကိုတော့ ဘယ်သူမှသေချာမပြောနိုင်ကြဘူး .. ။

သူတို့ပြောတာတစ်ခုပဲ ကျွန်တော်ကမကောင်းတဲ့နက္ခတ်နဲ့မွေးလာတာ .. ။ ကျွန်တော့ကြောင့်ပတ်ဝန်းကျင်ကလူတွေထိခိုက်တယ်တဲ့ .. ။

ကျွန်တော်မွေးပြီးမှ ဖေဖေစီးပွားပျက်တာကျွန်တော့အပြစ်လား ??
ဖေဖေအရက်သောက်ပြီး ပျက်စီးတာကောကျွန်တော့အပြစ်လား ?

သို့သော်ကျွန်တော့ဆွေမျိုးအပေါင်းအပါ၏တစ်ညီတစ်ညွတ်တည်းထောက်ခံချက်က ကျွန်တော့ကြောင့်တဲ့ ။ တော်လိုက်ကြတာနော် .. ။ ဘယ်လိုများကျွန်တော့ကြောင့်လို့ပြောရက်ရတာလဲ။

ရောဂါနဲ့ဆုံးတဲ့မေမေသေတာလည်း ကျွန်တော့ကြောင့်ပါတဲ့ ... ။ မသိရင်ကျွန်တော်ကပဲ မေမေရောဂါရှိအောင်ရောဂါပိုးကို မေမေ့ကိုယ်ထဲထိုးထည့်လိုက်သလိုပဲ ... ။ တော်တော်အပြောကောင်းတဲ့ဆွေမျိုးတွေ .. ။

လောကကြီးမတရားတဲ့အကြောင်းတွေကိုထပ်တွေးနေရရင် ကျွန်တော့ဘက်တစ်ခြမ်းထဲမြေကြီးထဲချိုင့်ဝင်တော့မလိုပဲ .. ။ အဲ့တော့လည်းမတွေးတော့ဘူး လုပ်သလိုမဖြစ်တဲ့ဘဝမှာ ဖြစ်သလိုပဲလုပ်တော့မယ် ။
"ဒိုဂျောင်ဆူး!! စာပွဲနံပတ်၆ ကိုမြန်မြန်သွားပို့ .. "

အမဲချဉ်စပ်ဟင်းရည်လင်ပန်းအကြီးကြီးကိုကျွန်တော့လက်ထဲစောင့်ချကာပြောသော စီနီယာကျသောစားပွဲထိုးကို ကျွန်တော်ဘာမှမပြောချင်တော့ .. ။ ကျီး ကျီး ချင်း ပိုမည်းချင်ကြသောလူတွေကို တစ်ခါတစ်လေတော့လည်း လျစ်​လျူရှု တာလောက်ကောင်းတဲ့နည်းလမ်းမရှိတော့။

Do I Kill For You ? ||Dika Completed ||Where stories live. Discover now