အပိုင်း ၁

Start from the beginning
                                    

ဒါပေမယ့် ထူးဆန်း လွန်း သည့် ကံကြမ္မာကြောင့် သူ ဆေးကျောင်း ဒုတိယနှစ် တက်နေတုန်း မှာပင် သူ့ဘ၀ကြီး ဇောက်ထိုး တွေ ဖြစ်ကာ Kim Jongin ဆိုသူ နဲ့ စတင် တွေ့ ဆုံ ခဲ့ရလေခြင်း

~~~~~~~~~~~××××××××~~~~~~~

Flashback

~ Kyung Soo ရာ လာစမ်း ပါကွာ စာအုပ်ကြီး ခန ပိတ်ထားပြီး Canteen လိုက်ခဲ့

သူ့ သူငယ်ချင်း Baek Hyun က စာလုပ်နေသည့် သူကို အတင်း ဆွဲခေါ်နေတာကြောင့် သူ ခေါင်းကို အသာ ယမ်းမိသည် Baek Hyun တို့လို သူက မချမ်း သာတာကြောင့် သူတို့လို ပေါ့ပေါ ပါးပါး မနေနိုင်ဘဲ နောက်နှစ်လည်း Scholar ရဖို့ အတွက် စာကြိုးစား နေရ တာကို Baek Hyun က အတင်း လာခေါ်ခြင်းပင်

~ Kyung Soo ရ မင်း မလိုက်ရင် ငါ တကယ် စိတ်ဆိုး မှာနော်

သူ့လို လူ တစ်ယာက်ကို အရေး လုပ်ကာ လာပေါင်းနေသည့် ရှားရှား ပါးပါး သူငယ်ချင်း လေးကြောင့် Kyung Soo စာအုပ်ကို ပိတ်ကာ သူဆွဲခေါ်ရာ Canteen ကို ရောက်လာ ခဲ့ရသည်

Baek Hyun အတင်းခေါ်မှ လိုက်တတ်သည့် သူက Canteen ဆိုသည့် နေရာ ကို ၅ခါ လောက်ဘဲ ရောက်ဖူး တာပင်

~ ဘာစားမလဲ ကြိုက်တာမှာ

သူ့လက်ထဲ Menu ကြီး ထိုးကာ ပေးသည့် Baek Hyun ကြည့်ရတာ တစ်ခုခု ကြောင့် သိပ်ပျော် နေပုံပင် Menu ကို ကြည့်ရင်း

~ ပျော်စရာ ရှိနေတာလား

Kyung Soo မေးမိတော့

Baek Hyun က ပြုံးကာ

~ သူဒီနေ့ ကျောင်းလာတယ်

Baek Hyun ဘာပြောသည်ကို သေချာ မသိသည့် သူ အပြုံး တစ်ချက် နဲ့ပင် ခေါင်းငြိမ့် လိုက်သည်

Kyung Soo တို့ နှစ်ယောက် စားစရာ တွေ စောင့် နေတုန်း မကြာမီ အချိန်မှာ သူ့ဘ၀ ကို မုန်တိုင်း ထန်စေတဲ့ သူ  သူ့ကို အချစ်တွေနဲ့ ရူးအောင် လုပ်သွားတဲ့သူ Kyung Soo ဘဝထဲကို စတင်ကာ ဝင်ရောက် လာခဲ့သည်

~ Kyung Soo ဟို တစ်ယောက် တွေ့လား သူက First Year က မင်းကြာဖူး မှာပါ သူက Kim Family ရဲ့ တစ်ဉီး တည်းသောသားလေ

Kim Family ဆိုတဲ့ စကား ကြောင့် အစက စိတ်မဝင် စားတဲ့ သူ အသာ လေး မော့ ကြည့် မိသည်  Baek Hyun ညွှန်ပြသည့် ကောင်လေး ကား အသား က ညိုတိုတို မျက်နှာက တစ်လော ကလုံး သူ့လုပ်စာ ထိုင်စား နေသည့် အလား ဆူပုတ်ပုတ် ပင် ဒါပေမယ့် သူ တစ်ချက် မျက်ဝန်းတွေ ဆီ အကြည့် ရောက်သွား ချိန်မှာတော့ သူ ရူးသွား သလားပင် မျက်လုံး တွေကလည်း ညှို့ချက် ပြင်းလွန်းကာ နှုတ်ခမ်း  အစုံက မြင်သူ တကာ ရူးစေ လောက်တဲ့ ပုံစံကို ပိုင်ဆိုင် ထားသူ ဆံပင်တွေကို အလယ် ခွဲကာ ရွှေရောင် ဆိုးထား သည့် သူက နှုတ်ခမ်း မှာ ပီကေ ကို ဖြောက်ဖြောက် ဝါးရင်း သူ့ ဘေးနားက မဒီပျိုလေး တစ်ယောက်ရဲ့ ခါးကို ဖက်ထားသည် ထိုကောင်မလေးရဲ့ ခါးပေါ် က သူ့လက်ကို မြင်တော့ သူဟာ မဆီမဆိုင် သဝန်တွေ တိုသည် အထိ သူဟာ သူ့ကို မြင်လိုက်ရုံ နဲ့ တင်ပင် ထိုကောင်လေး ရဲ့ ခြေဖဝါး အောက်မှာ ကျဆုံး သွား ရသည်

Slave ( Z+U)Where stories live. Discover now