~အလင်းမဲ့‌သော~

Ξεκινήστε από την αρχή
                                    

"အား...အ..."

ရုတ်​တရတ်​ ကြီးအပျင်း​ကြောထဆွဲ​သော
ကို့​ကြောင့်​ ကျ​တော်​စားပွဲ​ပေါ်ပျင်းရိပျင်းတွဲ
မှီခို​နေရမှ မတ်​သွားပီး အ​တွေးတစ်​ခုဖျတ်​ကနဲ
ဝင်​လာ၏..

"ကို ​ညောင်း​နေပီလား...ဟင်​..ဟန်​နီ နှိပ်​​ပေး
မယ်​​လေ.."

နှိပ်​​ပေးမယ်​​လေဟု ​ပြောအပီး ကျ​တော့်​လက်
သွယ်​နှစ်​ဖက်​က ကို့ပခုံးတွင်​နားရစ်​​နေပီ..

လက်​အဖျားများကိုအားစိုက်​ရင်း တင်းမာ​နေ​သော အ​ကြောအကျဉ်​တို့နှင့်​အတူ အလုပ်​ဒဏ်​ပိ​နေ​သောကို့စိတ်​ကို ကျ​တော့်​​ကြောင့်
အနည်းငယ်​​တော့သက်​​သာ​စေချင်​မိ၏...

ကျ​တော်​နှိပ်​​နေရင်းနှင့်​ပင်​ ခနမကြာလိုက်...​သူ့ပခုံးမှ ကျ​တော့်​လက်​ကို အုပ်​ဖိုးကိုင်​ရင်း..

"​တော်​ပါ​တော့..ဟန်​နီရယ်​...လက်​နု​တွေနာကုန်​မယ်​..."

ကျ​တော့်​ကို​နောက်​​ကျော​ပေးထားရမှာ စုံလည်​ခုံကိုကျ​တော့်​ဖက်​လှည့်​ရင်းလက်​​မောင်းမှဆုတ်​ကိုင်ရင်း သူ့​ပေါင်​​ပေါ်ကျ​တော်
ဆက်​ကနဲကျ​သွား​တော့ ဇက်​ကနဲတုန်​သွားတာ
တော့အမှန်​ပင်​...

သူ့​ပေါင်​​ပေါ်ထက်​တွင်​ ထိုင်​ရင်း မြန်​ဆန်​လှ
သောကျ​တော့်​လက်​သည်​သူ့လည်​တိုင်​တွင်
တွဲဖက်​မိသား...

ဘာစကားမှဆိုဖွယ်​ရာမရှိ...သူ့မျက်​လုံးထဲကျ​တော်​ဝင်​ကြည့်​ ကျ​တော့်​မျက်​လုံးထဲသူဝင်​ကြည့်​ကာ မျက်​ခမ်းတို့စပ်​လာ​တော့မှ ကျ​တော့်​ဖက်​မှစကာ မျက်​​တောင်​ကိုတဖျတ်​ဖျတ်
နှစ်​ခါခတ်​ရင်းမျက်​လွှာချရ၏..

စူးရှ​သောကို့မျက်​ဝန်းတို့က ကျ​တော့်​ရဲ့မျက်​​ခွံ​မို့မို့တို့ကို ​စိုက်​ကြည့်​​နေ​သေးသည်​ကိုကျ​တော်
သိ၏..

~ကိုနဲ့ပတ်​သတ်​တိုင်း ကျ​တော်​သည်​အရာရာ
အရှုံးနှင့်​ရင်းနှီး​နေနှင့်​တယ်​လို့ကျ​တော်​ခံယူ
ထားမိပီလားမသိ..~

"ဟန်​နီက ထာဝရရှက်​​သွေးဖျာ​နေတာပဲ​နော်​.."

သူစ​လေသလား ​လှောင်​​လေသလားမသိ​သော်
ကျ​တော့်​ရဲ့သူ့အ​ပေါ်ထားအပ်​​သော မျက်​လွှာ
ချခြင်းသည်​ရှက်​​သွေးဖျာခြင်းမည်​သွား၏...

နှင်းဆီဝိုင် ||CHANBAEK||[Completed] (ZG+Uni)Όπου ζουν οι ιστορίες. Ανακάλυψε τώρα